ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီသင်တန်းကို မြိတ်ထားဝယ်ခရိုင်အတွင်းရှိ ဌာန (၁၁) ခုက သက်ဆိုင်ရာဌာန အသီးသီးမှာ ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်ကိုယ်စားလှယ် (၄၈) ယောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာဌာနအသီးသီးက ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တာဝန်ရှိခေါင်းဆောင်တွေ အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့အတွက် ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

သင်တန်းအတွင်း သင်ကြားပို့ချခဲ့တဲ့ ဆရာ၊ ဆရာမတွေမှာလည်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အတွေ့အကြုံများစွာရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပြီး သင်တန်းအတွင်း ခေါင်းဆောင်တစ်ဦးရဲ့ အရည်အချင်းတွေ၊ အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်နဲ့ အားသာချက်တွေကို SWOT analysis (a framework for identifying and analyzing an organization’s strengths, weaknesses, opportunities and threats) စနစ်အသုံးပြုပြီး ဆန်းစစ်ခြင်း၊ Conflict Resolution Time Management, Strategic Thinking စွမ်းရည်တွေကို တက်ရောက်သူတွေနဲ့အတူ မျှဝေသင်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းဟာ ဒေသန္တရအုပ်ချုပ်မှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာရေးတို့ကို အဓိကထား သင်ကြားပေးတဲ့ သင်တန်းဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။