မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

MLA တပ်ဖွဲ့ရဲ့အခြေစိုက်ဒေသဖြစ်တဲ့ မွန်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ဆိုးဝါးလာပြီး မွန်အမျိုးသားတို့ရဲ့လူမှုစီးပွားအရပ်ရပ်ကိုဆုတ်ယုတ်စေတာကြောင့် လူသားအရင်းအမြစ်ကို ပြန်လည်ထိန်းသိမ်းဖို့ အခုလိုမူးယစ်ဆေးဖြတ်ပေးတဲ့အစီအစဉ်ကို ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်သူလူထုတွေရော၊ တခြားတိုင်းရင်းသားတွေရောပေါ့နော် ကျနော်တို့ နယ်ပယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ အမြစ်တွယ်နေတာကြာပါပြီ။ ကျနော်တို့က စစ်ကောင်စီတစ်ခုတည်းကို တော်လှန်နေရုံနဲ့ မပြီးပါဘူး။ ကျနော်တို့ ဒေသ၊ နယ်ပယ်အသီးသီးမှာ မူးယစ်ဆေးဝါးရောင်းတဲ့သူ တော်တော်များတယ်။ သုံးစွဲနေတဲ့ လူငယ်တွေလည်း များတယ်။ ဒါကြောင့် ကျနော်တို့ ပြန်လည်ထိန်းချုပ်ခြင်းနဲ့ လူငယ်တွေ မူးယစ်ဆေးဝါးပြတ်တောက်ဖို့ တဖက်တလမ်းကနေ ပြည့်ပြည့်ဝဝ ထိထိရောက်ရောက် လုပ်ကိုင်သွားပါမယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော်စစ်ဦးစီးရုံးချုပ်အထွေထွေအတွင်းရေးမှူး ဗညားမင်းကန်စီက မောင်းကို ပြောပါတယ်။

MLA အနေနဲ့မူးယစ်ဆေးဝါးစွဲနေသူတွေကို ကုသဖို့ဆေးဝါးတွေ၊ တတ်ကျွမ်းတဲ့ဆရာဝန်တွေအပြင် မူးယစ်ဆေးဝါးလာရောက်ဖြတ်လိုသူတွေ နေထိုင်ဖို့လည်း နေစရာတွေစီစဉ်ထားတယ်လို့ သိရပါတယ်။

ဗညားမင်းကန်စီကပဲ ဆက်လက်ပြီးလုံခြုံရေးအနေနဲ့ ဆက်သွယ်ရေး ဖြတ်တောက်ပါမယ်။ ပြီးတော့ မူးယစ်ဆေးဝါး တကယ်စွဲနေသူ ဟုတ်မဟုတ် ကျနော်တို့ သေချာစောင့်ကြည့်ပါမယ်။ အနည်းအကျဉ်းပဲ သုံးစွဲထားလို့ ဆီးစစ်ဘာစစ် ပေါ်တာမျိုးဆို ပြန်လွတ်ပါမယ်။ ဖုန်းတွေ သိမ်းထားပြီး ပျောက်ကင်းပြီဆိုမှ ပြန်လည်ကိုင်ဆောင်ခွင့်ပြုမှာပါ။ လုံခြုံရေးအထူးအစီအမံတွေ လုပ်ဆောင်ထားပါတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီအနေနဲ့ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်ကနေ စတင်ပြီး မွန်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းချနေသူတွေ၊ သုံးစွဲနေသူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်မှာ ဖြစ်တာကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန်းက ရပ်ဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ (MLA)

0 Shares:
You May Also Like
Read More

သုခမဆုတ်တမ်း ခံစစ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထိုင်းဘက်ထွက်ပြေး၊ စစ်ကောင်စီတပ် ၂၈ နှစ်ကြာ အထိုင်ချထားသည့်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူက မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

တနင်္သာရီမြို့နယ်အနှံ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့မှာ ဇန်နဝါရီလက စပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူနယ် ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦး အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
Read More

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဗီရိုနီကာ ONE Championship နှင့် တရားဝင် စာချုပ်ချုပ်ဆို၊ သူမ၏ ပွဲဦးထွက် မကြာမီ မြင်တွေ့ရမည်ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။