ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဆော့လော်မြို့နယ်က ဆော့လော်မြို့အပြင် စစ်ကောင်စီ တပ်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းအားလုံးကို အောက်တိုဘာလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာတဲ့ ဆော့လော်မြို့ရဲ့ မြို့သိမ်းတိုက်ပွဲဟာ ၂ ရက်သာ ကြာမြင့်ခဲ့သလို တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိထားပေမယ့် အသေးစိတ်ကိုတော့ မောင်းသတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဆော့လော်မြို့ကို မသိမ်းပိုက်နိုင်ခင် စက်တင်ဘာလ ၂၉ ရက်ကလည်း ချီဖွေမြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချီဖွေမြို့ကိုပါ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ – KIA တပ်ဖွဲ့ဝင်အချို့

0 Shares:
You May Also Like
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝက်လက်အရှေ့ခြမ်းကို စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

KIA ၊ AA ၊ BPLA နဲ့ KPDF တို့ တက်ရောက်ခဲ့တဲ့ ABSDF အမှတ် ၂ စစ်ကြောင်းရဲ့ ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနှင့် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF အမှတ် - ၂ စစ်ကြောင်းမှာ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနဲ့ အမှတ်စဉ် (၂/၂၀၂၅) အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်က ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။