မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာတောင်ကျချောင်းရေထဲ ဖြတ်မောင်းရင်း ရေစီးနဲ့ ကားမျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူးဖြစ်ပြီး အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ရက်၊ မနေ့က ညဦးပိုင်းလောက်မှာ ဆင်မင်းဘိလပ်မြေစက်ရုံအနီးက တောင်ကျချောင်းတစ်ခုကို ကားဖြတ်မောင်းရင်း တောင်ကျရေအရှိန်နဲ့အတူ ရေထဲကားမျောပါသွားခဲ့တဲ့ သတင်းကြောင့် ကျောက်ဆည်မြို့နယ်၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စက်ရုံဝန်ထမ်းတွေ၊ ဒေသခံတွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရေစီးနဲ့ မျောသွားတဲ့ကားကို ကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ဆယ်ယူနေစဥ် (ဓာတ်ပုံ Kyaukse Rescue)

ရေထဲမျောပါသွားတဲ့ကားဟာ Probox အမျိုးအစားဖြစ်ပြီး ဒေသခံ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းရှာဖွေခဲ့ရာ ဒီနေ့(အောက်တိုဘာ ၂ရက်) မနက်အစောပိုင်းမှာပဲ  အလောင်းရော ကားပါရှာတွေ့ပြီး ဆယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူး ဦးညီဇော်ဆိုသူဖြစ်ပြီး တချို့သောသတင်းရင်းမြစ်တွေအရ Officer Training School-OTS အပတ်စဥ် (၇၉) ကျောင်းဆင်း၊ ဒုဗိုလ်မှူးကြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ရေစီးနဲ့ မျောသွားတဲ့ကားကို ကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ဆယ်ယူနေစဥ် (ဓာတ်ပုံ Kyaukse Rescue)
0 Shares:
You May Also Like
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးဖို့ကြိုးစားသည့် အနောက်ဘုန်းကန် ပျူရွာကို ၂ ရက်ဆက် ရော့ကတ်များ တိုက်ခိုက်မှု၊ စစ်အုပ်စု ၇ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရွာကို ၂ ရက်ဆက် ရှော့တိုက်ဒုံးပစ်ခတ်ရာ စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေကာ ထိခိုက်ဒဏ်ရာရသူ ၈ ယောက် ရှိခဲ့တယ်လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။