ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ၅၂၀ ယောက်ရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ အရပ်သား ၁၆၃ ယောက်ရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီဒေသမှာ  အရပ်သားတွေ ပစ်မှတ်ထား သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိပြီး ပြည်သူတွေဟာ တိုက်ပွဲတွေကြား အကြောင်းမဲ့ သေဆုံးနေရတယ်လို့ ဆိုပါတယ်။

သေဆုံးမှုအများစုဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်ရင်း သေဆုံးရသူတွေထဲမှာ လက်နက်ကြီးထိတာ၊ ဆေးဝါးမလုံလောက်လို့ အချိန်မီဆေး မကုနိုင်လို့ သေဆုံးရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF) နဲ့ ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ခြောက်ရာကျော် (၆၅၅ ယောက်) သေဆုံးခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်) မှာ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ သုံးထောင်ကျော် (၃၅၃၃ ယောက်) ရှိတယ်လို့လည်း PKPF က ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ Karenni People’s Voice)
0 Shares:
You May Also Like
Read More

ညောင်ရွှေ၊ ရေပူကျေးရွာကို စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

မြင်းခြံမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်အုပ်စု၏ SP ရုံးတိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ် ၂ ဦးအပါ ၇ ဦးသေဆုံး

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။