ကရင်ပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းနားမှာ စခန်းအသစ်တည်ဆောက်နေတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံး၁လုံးကြဲချကာ ပထမဆုံးအကြိမ် သတိပေးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ခွဲထွက်လာခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းအနီးမှာ ဒေသခံတွေ သဘောမတူဘဲ တပ်စခန်းဆောက်နေတာလို့ သိရပါတယ်။

“KNU တပ်ဖွဲ့ကလည်း လက်မခံဘူး။ ဒေသခံတွေကလည်း လက်မခံဘူး။ အကြိမ်ကြိမ် အငြင်းပွားနေကြတာကို စက်တင်ဘာလ ပထမအပတ်ကတည်းက DKBA တပ်ဖွဲ့ဝင်တွေက စခန်းအသစ်လာဆောက်နေတာ။ စက်တင်ဘာလ ၂၉ ရက်နေ့ညမှာ KNU တပ်ဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေဘက်ကနေ ပထမဦးဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးသီး၁လုံးချပြီး သတိပေးခြင်းခံရတာဖြစ်တယ်လို့ ဝင်းဒရယ်ကျေးရွာမှာနေတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဝင်းဒရယ်ကျေးရွာဟာ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ကရင်အချင်းချင်း တိုက်ပွဲတွေဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

DKBA ကနေ ခွဲထွက်ထားတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တပ်ဖွဲ့ရဲ့ စခန်းသစ် တည်ဆောက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က လက်ခံပေးလို့မရကြောင်း ပြောဆိုထားပြီး ဗိုလ်ဘိကလည်း ရွာသားတွေ လက်မခံသည့်တိုင်အောင် အဲဒီတပ်စခန်းကို ဆက်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

BNRA ဟာ ထူးခြားသော ဝိသေသရှိသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟု KNU ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ဖော်ဆောင်နေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ ဒီနေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

သုံးလတာအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ တစ်ထောင်ကျော် သေဆုံးခဲ့ရ

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သုံးလအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သား တစ်ထောင်ကျော်လောက် သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်က ထုတ်ပြန်ပါတယ်။
Read More

ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသည့် အကြမ်းဖက်စစ်တပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ကား ၂ စီးနဲ့ လိုက်လံခိုးယူတင်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Pakokku People Defense Force (PPDF) က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စု အကောင့်တုများသုံးကာ ချင်းလူမျိုးအချင်းချင်းကို ရန်တိုက်ပေးသည့် စစ်မျက်နှာအသစ် ဖွင့်လာဟု ဆို

စစ်အာဏာရှင်တွေဟာ စည်းလုံးညီညွတ်နေတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေကိုမဆို အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန်သတင်းတွေနဲ့ အမျိုးမျိုး သွေးခွဲကာ တိုက်ခိုက်လေ့ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မစည်းလုံးနိုင်မှ သူတို့အသက်ရှုချောင်မှာဖြစ်တာကြောင့် ဒီလိုမှိုင်းတိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလည်း ဖြစ်လာပါတယ်။
Read More

တာကျောင်မဟာပူဇော်ပွဲ အကြောင်းပြကာ စစ်သုံ့ပန်း ၅၀၀ ကျော်ကို MNDAA လွှတ်ပေး

အထူးဒေသကိုးကန့်မှာ ကျင်းပတဲ့ ဘာသာရေးပွဲတစ်ခုဖြစ်တဲ့ တာကျောင်မဟာပူဇော်ပွဲအကြောင်းပြကာ အာဏာသက်ရောက်မှုကိုလည်း ပြသလိုတဲ့အတွက် အကျဉ်းသားတွေကို ပြစ်ဒဏ်လျော့ပြီး စစ်သုံ့ပန်း ၅၀၀ ကျော်ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ပြန်လွှတ်ပေးတယ်လိုက်တယ်လို့ သိရပါတယ်။