ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီသင်တန်းကို မြိတ်ထားဝယ်ခရိုင်အတွင်းရှိ ဌာန (၁၁) ခုက သက်ဆိုင်ရာဌာန အသီးသီးမှာ ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်ကိုယ်စားလှယ် (၄၈) ယောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာဌာနအသီးသီးက ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တာဝန်ရှိခေါင်းဆောင်တွေ အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့အတွက် ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

သင်တန်းအတွင်း သင်ကြားပို့ချခဲ့တဲ့ ဆရာ၊ ဆရာမတွေမှာလည်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အတွေ့အကြုံများစွာရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပြီး သင်တန်းအတွင်း ခေါင်းဆောင်တစ်ဦးရဲ့ အရည်အချင်းတွေ၊ အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်နဲ့ အားသာချက်တွေကို SWOT analysis (a framework for identifying and analyzing an organization’s strengths, weaknesses, opportunities and threats) စနစ်အသုံးပြုပြီး ဆန်းစစ်ခြင်း၊ Conflict Resolution Time Management, Strategic Thinking စွမ်းရည်တွေကို တက်ရောက်သူတွေနဲ့အတူ မျှဝေသင်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းဟာ ဒေသန္တရအုပ်ချုပ်မှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာရေးတို့ကို အဓိကထား သင်ကြားပေးတဲ့ သင်တန်းဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး (၁၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

စစ်အုပ်စု အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်းမှ ရရှိသော သေနတ် ၁၄ လက်အား တိုက်နယ် ပကဖများနှင့် UG ပကဖများထံ ဂုဏ်ပြုပေးအပ်

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်တွေထဲက သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေထံ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။