ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။

ဒါပေမယ့် နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်အနေအထားကို စောင့်ကြည့်နေဆဲဖြစ်ပြီး အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း၊ မဖြစ်မနေဝယ်ယူရတဲ့သူကလွဲပြီး ဈေးကွက်အေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကနေ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ နှစ်လအတွင်း စုစုပေါင်း ဒေါ်လာရောင်းချပေးမှုဟာ ဒေါ်လာ ၃၁၆ သန်းကျော်အထိရှိတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းတွေဟာ အမေရိကန်တစ်ဒေါ်လာ ၄၅၈၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၃၇.၉၃ ကျပ်၊ တရုတ်တစ်ယွမ်ကို ၆၄၂ ကျပ်အထိ ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နတ်တလင်းမှာ ဆိုင်ကယ်နဲ့ စစ်အုပ်စုတွေ မိုင်း ၂ ကြိမ်မိပြီး ဗိုလ်အဆင့်ရှိသူအပါ ၂ယောက်သေ၊ ၁ ယောက် ဒဏ်ရာပြင်းထန်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်တဲ့ စစ်အုပ်စုတွေ မိုင်း ၂ ကြိမ် ဆွဲခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) အဖွဲ့က ပြောပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ ကျားဖြန့်တွေ ခြေမချနိုင်ရေးအတွက် တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့  DKBA သတိပေး

ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန်ကို နောက်ဆုံးထားပြီး ထွက်ခွါသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ်(၂) နည်းဗျူဟာက  ထုတ်ပြန်လိုက်ပါတယ်။
Read More

“Phyu Phyu In Korea” ဂီတဖျော်ဖြေပွဲမှ ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ၆၈၀၀ ခန့် ရရှိ

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ "Phyu Phyu In Korea " Concert ဂီတဖျော်ဖြေပွဲကနေ မြန်မာငွေကျပ် သိန်းပေါင်း ၆၈၀၀ ခန့်အထိ ရရှိခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ ပေးပို့လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။