စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ကူတော်ပျူရွာကနေ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က ၃၅ ယောက်သေပြီး ၄၃ ယောက်ကို လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်၊ မနက်ပိုင်းကစလို့ ကူတော်ရွာ ပျူစခန်းကုန်းကနေ ဘုတလင်မြို့ဆီ ပြန်ပြီးဆုတ်လာတဲ့ အကြမ်းဖက်ဘီလူးစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ဘုတလင်ကူတော်လမ်းပိုင်းမှာ ၅ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် အထိအခိုက်များခဲ့ပြီး အယောက် ၃၀ ကျော်သေကာ သုံ့ပန့်အဖြစ် ၄၃ ယောက်အထိ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပစ္စတို ၁ လက်၊ လက်နက်ငယ် ၁၅ လက်၊ ၆၀ မမစိန်ပြောင်း ၂ လက်၊ ဒရုန်း ၃ စီး ၊ ဂျန်မာစက် ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းအမြောက်အမြားကို တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့ မကြာခဏ ဝင်တိုက်နေကျဖြစ်တဲ့ ကူတော်ပျူရွာစခန်းကုန်းကို အပြီးသတ်ရရှိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်၊ မနက်အစောပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဘုတလင်မြို့ကနေလည်း အင်အား၈ဝကျော်နီးပါးရှိ ဘီလူးစစ်ကြောင်းနဲ့  စစ်ကူအင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေ စခန်းသိမ်းတိုက်ပွဲကနေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ရဲဘော် ၃ ယောက်လည်း အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲထဲ  Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) က ရဲဘော် ၁ ယောက် ကူတော်ရွာစခန်းသိမ်းပွဲမှာ ခြေတစ်ဖက် ပေးဆပ်လိုက်ရတယ်။ စစ်ကြောင်းအလိုက်ဖြုတ်တဲ့ပွဲမှာတော့ ဦးခေါင်းကျည်မှန် (မစိုးရိမ်ရ) တဲ့ ဒဏ်ရာရတာ ၁ ယောက် ရှိပါတယ်လို့ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်းက ပြောပါတယ်။

တိုက်ပွဲအပြီး စစ်အုပ်စုတွေက သူတို့ပျူစခန်းနဲ့ အနီးစပ်ဆုံးရှိရာ ကတိုးရွာကို ဝင်ရောက်ကာ စစ်ကြောင်းထိုးမွှေနှောက်ရင်း အသက် ၈၀ အရွယ် အဘိုးအို ၁ ယောက်နဲ့ ရပ်ကျေး ပကဖအဖွဲ့ဝင် ၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ကူတော်ရွာကို စစ်ကူလာခဲ့တဲ့ အထက်ပါဘီလူးစစ်ကြောင်း မြို့ကို ပြန်ဆုတ်ချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကူတော်ဘုတလင်လမ်းပိုင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) နဲ့အတူ မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း၊ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်) FRF ၊ မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆ (၁၉၊၂၁၊၂၆) ‌‌PLA (ကွန်မြူနစ်တပ်) BLDF 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ ရေဦး၊ Depeyin Local Mobile Team(DLMT)၊ ဘုတလင်မြို့နယ် ပလဖ၊ KUGF (ခင်ဦး)၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း() Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့တွေ အပါအဝင် မဟာမိတ်အဖွဲ့တော်တော်များများ ပေါင်းစည်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။