ဥရောပနိုင်ငံကြီး () နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။

AVIC လုပ်ငန်းစုဟာ မြန်မာစစ်တပ် လက်ရှိ စစ်ရာဇဝတ်မှုကျူးလွန်ရာတွေမှာ အသုံးပြုနေတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေကို အဓိကရောင်းချပေးတာနဲ့ နည်းပညာမျှဝေတာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဥရောပလေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ မြန်မာစစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေတဲ့ တရုတ်လုပ်ငန်းစု AVIC နဲ့ လမ်းခွဲမှုတွေပြုလုပ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုနေခြင်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်လက်မခံခဲ့တဲ့ဒီနိုင်ငံတွေဟာ မြန်မာ့အရေးမှာ စစ်ကောင်စီကိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိ AVIC နဲ့ ပတ်သက်တဲ့ လုပ်ငန်းစုကိစ္စရပ်မှာ ဝိရောဓိ ဖြစ်စေတယ်လို့ Justice For Myanmar နဲ့ Info Birmanie တို့က ဆိုပါတယ်။

Airbus ရဲ့ ရှယ်ယာရှင်သုံးယောက်ဖြစ်တဲ့ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်အစိုးရတွေဟာ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတွေအပေါ် အကြိမ်ကြိမ် ကန့်ကွက်ရှုတ်ချသူတွေ ဖြစ်ပေမယ့် အခု ဖြစ်စဉ်မှာတော့  ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ တွန့်ဆုတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စပိန် အစိုးရဟာ  မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ် လုံခြုံရေးအဖွဲ့များ ကျူးလွန်တဲ့ အကြမ်းဖက်မှုများကို အပြင်းထန်ဆုံးရှုတ်ချခဲ့ပြီး၊မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တပ်မတော်နေ့ အထိမ်းအမှတ်ကို ကျင်းပနေစဉ် ၎င်းတို့ကာကွယ်ရမည့် ပြည်သူလူထု၏ ရန်သူတော် ဖြစ်လာခဲ့တယ်လို့တောင် ရေးသားခဲ့တာပါ။

ဒါ့အပြင်  စပိန်အစိုးရကလည်းယင်းရာဇဝတ်မှုများအတွက် ကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရေးအတွက် မိမိတို့ တက်စွမ်းသမျှ လုပ်ဆောင်သွားမည်လို့လည်း ဆိုခဲ့ပါတယ်။

ဂျာမနီအစိုးရကလည်း မြန်မာစစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုအပေါ် ပြတ်သားစွာ ရှုတ်ချခဲ့ပြီး၊အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဒီမိုကရေစီနည်းကျ တရားဝင်မှုရရှိထားသည့် အဖွဲ့အစည်းများ ပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေးတို့ကို တောင်းဆို ခဲ့တာပါ။

အလားတူပဲ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ ထုတ်ပြန်ချက်တစ်ရပ်မှာ မြန်မာစစ်အုပ်စုရဲ့  ပြည်သူများအပေါ် လုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဆိုးရွားတဲ့ရာဇဝတ်မှုများကို ရှုတ်ချခဲ့ပြီး၊ ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ တရားဝင်မှု ရှိတဲ့ သဘောဆန္ဒများကို ပံ့ပိုးကူညီရာတွင် မိမိတို့၏ ဥရောပနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ လုံ့လထုတ် ကြိုးပမ်းမှုများကို မနားမနေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြခဲ့တာပါ။

ဒါပေမယ့် အထက်ပါ နိုင်ငံတွေဟာ Airbus မှာ ရှယ်ယာတွေပါဝင်နေတဲ့ အစိုးရတွေဖြစ်တာကြောင့် တရုတ်လုပ်ငန်းစု AVIC မှာ ပါဝင်ပတ်သက်မှုများကို ခွင့်ပြုပေးထားပြီး၊ အကျိုးအမြတ်တွေ ရရှိနေခြင်းကြောင့် နှုတ်ဆိတ်နေတာ ဖြစ်နိုင်ကြောင်း  Justice For Myanmar နဲ့ Info Birmanie တို့က ဆိုပါတယ်။

အထူးသဖြင့် တရုတ်ကာကွယ်ရေးကဏ္ဍနဲ့ Airbus တို့အကြား ဆက်နွယ်မှုတွေကို အသေးစိတ်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမယ့်အစား ပြင်သစ်၊ စပိန်နဲ့ ဂျာမနီအစိုးရတို့ဟာ  Airbus နဲ့ AVIC တို့အကြား ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ရရှိလာစေဖို့ အားပေးကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်  Airbus ရဲ့ ရှယ်ယာရှင်တွေဖြစ်တဲ့  ပြင်သစ်၊ စပိန်နဲ့ ဂျာမနီအစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ AVIC ရဲ့ စီးပွားရေးအရပူးပေါင်းနေမှုကို Airbus ရဲ့ ဩဇာသုံးပြီး နိုင်ငံတကာလူ့ အခွင့်အရေး တာဝန်ဝတ္တရားတွေနဲ့အညီ ဆောင်ရွက်စေရေးအပါအဝင် AVIC လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့မှုတွေ ဆက်ရှိနေရင် Airbus ကုမ္ပဏီကို AviChina ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းဖို့ ဆောင်ရွက်စေရေး လုပ်ဆောင်ရမယ်လို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကို အောက်တိုဘာ တတိယပတ်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ အောက်တိုဘာလ တတိယပတ်ထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဦးဆေးရုံ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်တပ်က လူသားချင်းစာနာမှုအပေါ် အလေးမထားကြောင်း ပြသခြင်းဟု APHR ပြောကြား

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။