အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

၂၀၂၄၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (အဝေးသင်) သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမဦးရေဟာ အယောက် ၄၀၀၀ကျော်ရှိပြီး အာဏာသိမ်းကာလထဲ တက်ရောက်သူ အများဆုံးနှစ် ဖြစ်နေပါတယ်။

စစ်ကိုင်းမှာ B.Ed ဘွဲ့ အဝေးသင်အတွက် သင်တန်းသား ၄၀၀၀ကျော်နဲ့ စည်ကားသိုက်မြိုက်နေတယ်လို့သိရတယ်။ အတွင်းဆောင်တွေမှာတောင် လူမဆံ့‌တော့လို့ အပြင်ဆောင်တွေမှာ ငှားနေကြတာ အဆောင်တိုင်း ပြည့်နေတယ်တဲ့။ တချို့စစ်ကိုင်းမြို့ထဲက ကျောင်းလာတက်ကြတဲ့လူတွေလည်းရှိတယ်။ အာဏာသိမ်းကာလမှာတော့ အခုအသုတ်က သင်တန်းသားအများဆုံးပါပဲ။ ဝင်ခွင့်နဲ့မှဝင်ရတဲ့ သင်တန်းဖြစ်တာကိုတောင် မလျှောက်တဲ့သူလောက်ပဲ မပါတာပါ။ ဝင်ခွင့်ဖြေတဲ့သူ အကုန်လုံးအလိုလို ပါကြတယ်။ သိတဲ့အတိုင်း စစ်ကောင်စီက သူတို့ခိုင်းချင်ရာ ခိုင်းကောင်းအောင်လို့  ရှိသမျှ အကုန်လုံးကို (B.Ed) ဘွဲ့နဲ့ မက်လုံးပေးနေတာလို့ ထင်ပါတယ်။လို့  CDM ပညာရေးဝန်ထမ်း ၁ယောက်က မောင်းကိုပြောပါတယ်။

လုပ်ငန်းခွင်ထဲရောက်နေပြီး ဘွဲ့မရသေးတဲ့ ဆရာ၊ ဆရာမတွေကို လုပ်သက်၊ ဝင်ခွင့်စာမေးပွဲတို့သတ်မှတ်ရင်း သင်တန်းတက်ရောက်ခွင့်နဲ့အတူ ပေးအပ်တဲ့ (B.Ed) ပညာရေးဘွဲ့ (အဝေးသင်) ဟာပညာသင်နှစ်တစ်ခုမှာ ၂လကျော် ၃လနီးပါးသာ တက်ရကာ ပညာသင်နှစ် ၂နှစ်တက်ရောက်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အထက်မြန်မာပြည်အတွက် စစ်ကိုင်းပညာရေးတက္ကသိုလ် (Sagaing University of Education –  SUOE) နဲ့ အောက်မြန်မာပြည်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education – YUOE) ဆိုပြီး ပညာရေးတက္ကသိုလ် ၂ခုသာရှိပြီး လက်ရှိမှာ စစ်ကိုင်းပညာရေးတက္ကသိုလ်ဆီ အထက်မြန်မာပြည် ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းနဲ့ ကယားတို့ကနေ သင်တန်းလာတက်တဲ့ Non CDM ဆရာ၊ ဆရာမအရေတွက်ဟာ ထောင်ဂဏန်းထက်ဝက်နီးပါးအထိ ရှိနေတာလည်း ဖြစ်ပါတယ်။

ပညာရေးဘွဲ့ (B.Ed) အဝေးသင် ဝင်ခွင့်စာမေးပွဲဟာ အယောက် ၁သောင်းကျော်ဝင်ရောက်ဖြေဆိုရင်တောင် အမြင့်ဆုံး အယောက် ၁၀၀၀နီးပါးကိုသာ ဝင်ခွင့်ပေးလေ့ရှိခဲ့ပေမယ့်လည်း အခုနှစ်မှာတော့ ဖြေဆိုသူ အားလုံးလိုလို ဝင်ခွင့်အောင်နေပြီး သင်တန်းတက်ရောက်ခွင့်ရနေတာလို့ CDM ကျောင်းဆရာ ၁ယောက်က ပြောပါတယ်။

အာဏာမသိမ်းခင် အရင်နှစ်တွေကဆို ၁နှစ်ကိုသင်တန်းသား ၁၀၀၀လောက်ပဲ ရှိတယ်။အာဏာသိမ်းပြီးပြီးချင်းဆို ၇၀၀ အောက်လောက်ပဲ ရှိတော့တယ်။ အဲ့ကနေ ဒီနှစ်မှာ တက်တဲ့သူ အများကြီးဖြစ်လာတယ်ဆိုတော့ ဒီလိုထင်ပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ နိုင်ကို နိုငမယ့်ပွဲလို့ ခံယူထားပြီးသား ဖြစ်ကြသလို သူတို့(Non CDM)တွေကလည်း သူတို့အားကိုးရာ စစ်ကောင်စီက အနိုင်ရလိမ့်မယ်လို့ တထစ်ချ မှတ်ယူထားကြလို့ပဲ ဆိုတာ ပိုပြီးမြင်သာသွားတာပေါ့။လို့ CDM ကျောင်းဆရာ၁ယောက်က မောင်းကို ပြောပါတယ်။

သူကပဲ ဆက်လက်ပြီးအရင်ကတော့ စစ်တပ်က အာဏာသိမ်းတာကို လုံးဝ လက်မခံနိုင်ပါဘူး။ မိသားစုကြောင့်၊ လုံခြုံရေးကြောင့်၊ ကျန်းမာရေးကြောင့်၊ စီးပွားရေးကြောင့် ဆိုပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ CDM မဝင်ခဲ့ကြတဲ့သူတွေက အခုချိန်မှာ အဖြူအမည်း သဲကွဲသွားတာပါပဲ။  ကျနော်တို့ကတော့ ရန်ငါ ပြတ်တယ်။ တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလနဲ့ နိုင်ငံတော် တည်ဆောက်ရေးကာလတွေမှာ သူတို့(Non CDM) တွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်ကူးလည်း မရှိဘူး။ NUG က Non CDM တွေကို အလုပ်ထုတ်ပစ်တာမျိုးအထိ အရေးမယူဘဲ အလုပ်ပြန်ခန့်ပြီး ကျနော်တို့နဲ့အတူ ပညာရေးမှာ အလုပ်ပြန်တွဲလုပ်ရမယ်ဆိုရင် ကျနော်ကတော့ အလုပ်ထွက်မှာ။ အခွင့်ရေးသမားတွေနဲ့ တစ်တန်းတည်း သတ်မှတ်မခံနိုင်ဘူး။လို့မောင်းကိုပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက မတရားရွေးကောက်ပွဲလုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေအပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေနဲ့ နယ်မြေစိုးမိုးရာဒေသတွေမှာ  Non CDM ဝန်ထမ်းတွေနဲ့အတူ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ထောင်နီးပါးရှိဟု UEC ထုတ်ပြန်၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ထောင်ကျော်ဖြင့် အများဆုံးဖြစ်

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေနဲ့ ငါးထောင်နီးပါးရှိတယ်လို့ မင်းအောင်လှိုင် လက်ပါးစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။