စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကစလို့ ၃၀ ရက်နေ့အထိ ၃ ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေ​​ကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့သလို စက်သေနတ်နဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက တဂေါင်းအိုင် ကျေးရွာကို Mi35 နဲ့ ၆ခါ ၊ Mi2 နဲ့ ၈ ခါ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၆ လုံး ပျက်စီးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ယောက် ခြေထောက်ကျည်မှန်ကာ ဖြတ်တောက်ရဖို့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၉ ရက် ညပိုင်းမှာ စစ်ကောင်စီက ကောလင်းမြို့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံး၂ လုံး ကြဲချခဲ့လို့ အရပ်သား ၁ယောက် သေဆုံးကာ ၁၅ ယောက်နီးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင်စက်တင်ဘာလ၃၀ ရက်၊မနေ့က နေ့လယ်ပိုင်းမှာလည်း မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ဥက္ကံရွာမြောက်ပိုင်းကို ဂျက်ဖိုက်တာ၂ စီးနဲ့ပေါင်၅၀၀ဗုံး၄လုံးကြဲချခဲ့ရာအရပ်သား၇ယောက်သေဆုံးပြီး၄ ယောက် ထိခိုက်သွားတယ်လို့ကောလင်းခရိုင်တပ်ရင်း၂ကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူမဆန်စွာဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို PDF တွေလည်းမရှိတဲ့ ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါလို့ ကောလင်းခရိုင်တပ်ရင်း၂ သတင်းနှင့်ပြန်ကြားရေး က ပြောပါတယ်။

ဓာတ်ပုံစစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ရွာသစ်၊ ဥက္ကံ၊ တဂေါင်းအိုင်ရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ထားမှု မြင်ကွင်း

0 Shares:
You May Also Like
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

မိုင်းလုံမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနှင့် အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

ပေါင်းတည်မှာ ရိက္ခာပို့ရန် ရှေ့ပြေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ (၂) ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ ရိက္ခာပို့ဖို့ ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၂) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။