ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် – MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လူနေထူထပ်တဲ့ ရပ်ကွက် ၁၂ ၊ မန်းနာကျေးရွာကို စက်တင်ဘာလ ၃၀ ရက် ညပိုင်းမှာ အချိန် ၁၅ မိနစ်ခန့်အတွင်း ပေါက်ကွဲအား အင်မတန် ပြင်းထန်တဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ယောက် ဒဏ်ရာရပြီး အဲ့ဒီထဲက ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

စစ်ဖြစ်တဲ့နေရာမှာအချင်းချင်းတိုက်ကြတာ သဘာဝကျပေမဲ့ ခုလို စစ်ဖြစ်တဲ့နေရာလဲမဟုတ်၊ လူနေတဲ့ရပ်ကွက်ထဲ ဗုံးတွေကြဲနေတာကတော့ အရမ်းကိုလွန်လွန်းပါတယ်လို့ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတစ်ယောက်က ပြောကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက သတင်းဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် နေအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရတဲ့အပြင် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လူနေထူထပ်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် နေအိမ်၊အဆောက်အဦးတွေ၊ ရုံးတွေနဲ့ ဈေးတွေ ပျက်စီးဆုံးရှုံးတာတွေဟာ MNDAA ရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွှဲချိန် စစ်ရေးကာလက ပျက်စီးမှုတွေထက် ပိုများပြားနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ စစ်ကားတွေ ဘရိတ်ပေါက်ပြီး ခရီးသွားကားနှင့် လယ်ထွန်စက်ကို ဝင်တိုက်မိ၊ စစ်သား ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဘရိတ်ပေါက်လာတဲ့ စစ်ကောင်စီကားတွေက အရပ်သားကားတွေကို ဝင်တိုက်မိပြီး စစ်သား၄ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တမိုင်းတောင်စခန်းကုန်းကို KNU တပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။
Read More

သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိကြောင်း KNU ထုတ်ပြန်

သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။