ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က သူတို့ထောက်တိုင်တွေဖြစ်ကြတဲ့ အမျိုးသားအစွန်းရောက်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တချို့နဲ့ စရဖ လို့ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်တွေကို လမ်းဆုံလမ်းဂွတွေနဲ့ လမ်းမကြီးတွေမှာ ကင်းချထားပြီး အိမ်ထောင်စု သန်းခေါင်စာရင်း ကောက်ခံမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတချို့ဆီက သိရပါတယ်။

ဒဂုံမြို့နယ်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်နဲ့ ဗဟန်းမြို့နယ်တွေမှာ ဒီနေ့ အောက်တိုဘာ ၁ရက်နေ့မှာ စာရင်းကောက်နေပြီး တချို့မြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက ကြိုတင်ကောက်ယူမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အိမ်ထောင်စု သန်းခေါင်စာရင်းက သူတို့သတ်မှတ်တဲ့ရက်က အောက်တိုဘာလ ၁ရက်နေ့ဆိုပေမယ့် စက်တင်ဘာလ ဒုတိယအပတ်က တချို့မြို့နယ်တွေမှာ ကောက်ပြီးနေပြီ။ ဒီကနေ့မှ ၇ မြို့နယ်ကို စကောက်နေတာ။ စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းပေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအချို့ရယ်၊ ကြံ့ဖွတ်ပါတီက သူတွေရယ်၊ အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင်တွေနဲ့ စရဖတွေ ပေါင်းပြီး လမ်းဆုံ လမ်းဂွနဲ့ လမ်းမကြီးတွေမှာ ကင်းတွေချထားတယ်..အရပ်ဝတ်တွေနဲ့။ သူတို့သေမှာကြောက်ပြီး လုံခြုံရေးတွေလည်း ချထားသေးတယ်လို့ ရန်ကုန်မြို့နေ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ တရားမဝင် ရွေးကောက်ပွဲကို လာမယ့်နှစ်မှာ ကျင်းပဖို့အတွက် သန်းခေါင်စာရင်းကောက်ယူရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုသလို သန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေး ကူညီလုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းဆင်းစစ်သား (၂) ဦး တနင်္သာရီတိုင်းစစ်ဌာနဆီ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ

တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။