မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁ ရက်ကနေ ၁၀ ရက်အထိ ကြာမြင့်မယ့် အဲဒီခရီးစဉ်အတွင်း တွမ်အန်ဒရူးစ်ဟာ ကင်ဘာရာကို သွားရောက်ပြီး ဩစတေးလျအစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မြန်မာပြည်အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဩစတေးလျရဲ့ ရှုထောင့်နဲ့ ဩစတေးလျအစိုးရက မြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးအတွက် ရပ်တည်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဲဒီနောက်မြန်မာပြည်ကနေ ထွက်ပြေးလာသူတွေကို အကူအညီပေးနေတဲ့ လူသားချင်းစာနာမှုနဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေကို တွေ့ဆုံဖို့ ဆစ်ဒနေနဲ့ မဲဘုန်းမြို့ကိုလည်း သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂကိုယ်စားလှယ်ဟာ မြန်မာနဲ့ အာဆီယံအရေး အဓိကထား ဆောင်ရွက်နေတဲ့ ဩစတေးလျ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ကနေ ဒုက္ခသည်အဖြစ် ဩစတေးလျမှာ ပြန်လည်အခြေချနေထိုင်သူတွေအပါအဝင် မြန်မာပြည်က နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူတွေအကြား မတူကွဲပြားတဲ့အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မူရင်းUN expert on Myanmar to visit Australia

ဓာတ်ပုံ (UN Geneva)

0 Shares:
You May Also Like
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

မဲဆောက်ဈေးတွင် မြန်မာဈေးသည် ရန်ပွဲများဖြစ်ပွားပြီးနောက် ဈေးတစ်ခုလုံး ဝင်ရောက်စစ်ဆေးခံရကာ အထောက်အထားမဲ့များ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မြန်မာဈေးသည်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တွေက မဲဆောက်ဈေးရှိ မြန်မာဈေးသည်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက သတင်းဖော်ပြထားပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

အကျဥ်းသားနှင့် အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမည်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရန် ဇော်မင်းထွန်း သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။