စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲအသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

တရားမဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ ဟန်ပြဖိတ်ခေါ်မှုနဲ့ ပတ်သက်လို့ NUCC နဲ့ NUG တို့ ပူးတွဲ ဖွဲ့စည်းထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်း ကော်မတီက ဦးဆောင်ကာ အခုလို သဘောထားကြေညာချက်ကို ဒီနေ့ အောက်တိုဘာ () ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ဒီကော်မတီဟာ စစ်ကောင်စီက လုပ်ဆောင်မယ့် သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲအတွက် အချက် ၇ချက်နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုဟာ တော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေကို သပ်လျှိုဖြိုခွဲဖို့၊ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အမြင်ကောင်းရစေဖို့ အနှစ်သာရမဲ့တဲ့ အားထုတ်မှုတစ်ရပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရအဆက်ဆက်က လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင်လမ်းစဥ် စွန့်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း စတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လှည့်ဖြားခဲ့တဲ့သာဓကများစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်းအကြမ်းဖက်စစ်ကောင်စီကတော်လှန်ရေးအဖွဲ့အစည်းတွေကိုအကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ်ကြေညာခဲ့ခြင်း၊မြို့ရွာတွေကိုဗုံးကြဲခြင်း၊ရွာတွေကိုမီးရှို့ခြင်း၊ပြည်သူတွေကိုမတရားဖမ်းဆီးခြင်းနဲ့သတ်ဖြတ်ခြင်းစတဲ့လူမဆန်တဲ့လုပ်ရပ်တွေကိုမရပ်မနားပြုလုပ်နေပြီးအခြားတဖက်ကနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ဖိတ်ခေါ်ခြင်းဆိုတာဟာယုတ္တိမရှိတဲ့လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ  ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့မှုတွေကို ဘယ်တုန်းကမှ ဝန်ခံခြင်းမရှိသလို နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေရှိလာတဲ့အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး မကြာခဏ အာဏာသိမ်းခြင်း ဆိုတဲ့ အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်တုန်းကမှ ဖော်ဆောင်ပေးခဲ့ခြင်းမရှိတာကို သတိပြုရမယ်လို့လည်း နှိုးဆော်တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်ပြီး အာဏာ သိမ်းယူခဲ့တဲ့ တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။ တရားမဝင်တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ လုပ်ပိုင်ခွင့် မရှိသကဲ့သို့ ရွေးကောက်ပွဲတစ်ရပ်ကို ဦးစီးကျင်းပပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့ အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့က အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့ လည်း ပြည်သူလူထုကို ကြေညာချက်ကတဆင့် အသိပေးခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ  စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကလည်း ၂၀၀၈ ခြေဥကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုပြီး ပြုလုပ်လိုတဲ့ ဘယ်လို နိုင်ငံရေးလမ်းကြောင်းကိုမှ လက်မခံသကဲ့သို့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဒ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ GD-2 ဒရုန်းတပ်ဖွဲ့ တပ်သားသစ်များ လက်ခံနေ

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army - MLA) ရဲ့ Galon Drone Team - 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး (KORD) က ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း၊ ကရင်အမျိုးသားအစည်အရုံး - KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်း ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။