အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

၂၀၂၄၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (အဝေးသင်) သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမဦးရေဟာ အယောက် ၄၀၀၀ကျော်ရှိပြီး အာဏာသိမ်းကာလထဲ တက်ရောက်သူ အများဆုံးနှစ် ဖြစ်နေပါတယ်။

စစ်ကိုင်းမှာ B.Ed ဘွဲ့ အဝေးသင်အတွက် သင်တန်းသား ၄၀၀၀ကျော်နဲ့ စည်ကားသိုက်မြိုက်နေတယ်လို့သိရတယ်။ အတွင်းဆောင်တွေမှာတောင် လူမဆံ့‌တော့လို့ အပြင်ဆောင်တွေမှာ ငှားနေကြတာ အဆောင်တိုင်း ပြည့်နေတယ်တဲ့။ တချို့စစ်ကိုင်းမြို့ထဲက ကျောင်းလာတက်ကြတဲ့လူတွေလည်းရှိတယ်။ အာဏာသိမ်းကာလမှာတော့ အခုအသုတ်က သင်တန်းသားအများဆုံးပါပဲ။ ဝင်ခွင့်နဲ့မှဝင်ရတဲ့ သင်တန်းဖြစ်တာကိုတောင် မလျှောက်တဲ့သူလောက်ပဲ မပါတာပါ။ ဝင်ခွင့်ဖြေတဲ့သူ အကုန်လုံးအလိုလို ပါကြတယ်။ သိတဲ့အတိုင်း စစ်ကောင်စီက သူတို့ခိုင်းချင်ရာ ခိုင်းကောင်းအောင်လို့  ရှိသမျှ အကုန်လုံးကို (B.Ed) ဘွဲ့နဲ့ မက်လုံးပေးနေတာလို့ ထင်ပါတယ်။လို့  CDM ပညာရေးဝန်ထမ်း ၁ယောက်က မောင်းကိုပြောပါတယ်။

လုပ်ငန်းခွင်ထဲရောက်နေပြီး ဘွဲ့မရသေးတဲ့ ဆရာ၊ ဆရာမတွေကို လုပ်သက်၊ ဝင်ခွင့်စာမေးပွဲတို့သတ်မှတ်ရင်း သင်တန်းတက်ရောက်ခွင့်နဲ့အတူ ပေးအပ်တဲ့ (B.Ed) ပညာရေးဘွဲ့ (အဝေးသင်) ဟာပညာသင်နှစ်တစ်ခုမှာ ၂လကျော် ၃လနီးပါးသာ တက်ရကာ ပညာသင်နှစ် ၂နှစ်တက်ရောက်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အထက်မြန်မာပြည်အတွက် စစ်ကိုင်းပညာရေးတက္ကသိုလ် (Sagaing University of Education –  SUOE) နဲ့ အောက်မြန်မာပြည်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education – YUOE) ဆိုပြီး ပညာရေးတက္ကသိုလ် ၂ခုသာရှိပြီး လက်ရှိမှာ စစ်ကိုင်းပညာရေးတက္ကသိုလ်ဆီ အထက်မြန်မာပြည် ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းနဲ့ ကယားတို့ကနေ သင်တန်းလာတက်တဲ့ Non CDM ဆရာ၊ ဆရာမအရေတွက်ဟာ ထောင်ဂဏန်းထက်ဝက်နီးပါးအထိ ရှိနေတာလည်း ဖြစ်ပါတယ်။

ပညာရေးဘွဲ့ (B.Ed) အဝေးသင် ဝင်ခွင့်စာမေးပွဲဟာ အယောက် ၁သောင်းကျော်ဝင်ရောက်ဖြေဆိုရင်တောင် အမြင့်ဆုံး အယောက် ၁၀၀၀နီးပါးကိုသာ ဝင်ခွင့်ပေးလေ့ရှိခဲ့ပေမယ့်လည်း အခုနှစ်မှာတော့ ဖြေဆိုသူ အားလုံးလိုလို ဝင်ခွင့်အောင်နေပြီး သင်တန်းတက်ရောက်ခွင့်ရနေတာလို့ CDM ကျောင်းဆရာ ၁ယောက်က ပြောပါတယ်။

အာဏာမသိမ်းခင် အရင်နှစ်တွေကဆို ၁နှစ်ကိုသင်တန်းသား ၁၀၀၀လောက်ပဲ ရှိတယ်။အာဏာသိမ်းပြီးပြီးချင်းဆို ၇၀၀ အောက်လောက်ပဲ ရှိတော့တယ်။ အဲ့ကနေ ဒီနှစ်မှာ တက်တဲ့သူ အများကြီးဖြစ်လာတယ်ဆိုတော့ ဒီလိုထင်ပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ နိုင်ကို နိုငမယ့်ပွဲလို့ ခံယူထားပြီးသား ဖြစ်ကြသလို သူတို့(Non CDM)တွေကလည်း သူတို့အားကိုးရာ စစ်ကောင်စီက အနိုင်ရလိမ့်မယ်လို့ တထစ်ချ မှတ်ယူထားကြလို့ပဲ ဆိုတာ ပိုပြီးမြင်သာသွားတာပေါ့။လို့ CDM ကျောင်းဆရာ၁ယောက်က မောင်းကို ပြောပါတယ်။

သူကပဲ ဆက်လက်ပြီးအရင်ကတော့ စစ်တပ်က အာဏာသိမ်းတာကို လုံးဝ လက်မခံနိုင်ပါဘူး။ မိသားစုကြောင့်၊ လုံခြုံရေးကြောင့်၊ ကျန်းမာရေးကြောင့်၊ စီးပွားရေးကြောင့် ဆိုပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ CDM မဝင်ခဲ့ကြတဲ့သူတွေက အခုချိန်မှာ အဖြူအမည်း သဲကွဲသွားတာပါပဲ။  ကျနော်တို့ကတော့ ရန်ငါ ပြတ်တယ်။ တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလနဲ့ နိုင်ငံတော် တည်ဆောက်ရေးကာလတွေမှာ သူတို့(Non CDM) တွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်ကူးလည်း မရှိဘူး။ NUG က Non CDM တွေကို အလုပ်ထုတ်ပစ်တာမျိုးအထိ အရေးမယူဘဲ အလုပ်ပြန်ခန့်ပြီး ကျနော်တို့နဲ့အတူ ပညာရေးမှာ အလုပ်ပြန်တွဲလုပ်ရမယ်ဆိုရင် ကျနော်ကတော့ အလုပ်ထွက်မှာ။ အခွင့်ရေးသမားတွေနဲ့ တစ်တန်းတည်း သတ်မှတ်မခံနိုင်ဘူး။လို့မောင်းကိုပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက မတရားရွေးကောက်ပွဲလုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေအပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေနဲ့ နယ်မြေစိုးမိုးရာဒေသတွေမှာ  Non CDM ဝန်ထမ်းတွေနဲ့အတူ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျိုက်ဒုံမြို့ မီးသတ်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၃၁) ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ THE GOVERNMENT OF CHINLAND က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။