စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကစလို့ ၃၀ ရက်နေ့အထိ ၃ ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေ​​ကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့သလို စက်သေနတ်နဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက တဂေါင်းအိုင် ကျေးရွာကို Mi35 နဲ့ ၆ခါ ၊ Mi2 နဲ့ ၈ ခါ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၆ လုံး ပျက်စီးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ယောက် ခြေထောက်ကျည်မှန်ကာ ဖြတ်တောက်ရဖို့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၉ ရက် ညပိုင်းမှာ စစ်ကောင်စီက ကောလင်းမြို့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံး၂ လုံး ကြဲချခဲ့လို့ အရပ်သား ၁ယောက် သေဆုံးကာ ၁၅ ယောက်နီးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင်စက်တင်ဘာလ၃၀ ရက်၊မနေ့က နေ့လယ်ပိုင်းမှာလည်း မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ဥက္ကံရွာမြောက်ပိုင်းကို ဂျက်ဖိုက်တာ၂ စီးနဲ့ပေါင်၅၀၀ဗုံး၄လုံးကြဲချခဲ့ရာအရပ်သား၇ယောက်သေဆုံးပြီး၄ ယောက် ထိခိုက်သွားတယ်လို့ကောလင်းခရိုင်တပ်ရင်း၂ကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူမဆန်စွာဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို PDF တွေလည်းမရှိတဲ့ ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါလို့ ကောလင်းခရိုင်တပ်ရင်း၂ သတင်းနှင့်ပြန်ကြားရေး က ပြောပါတယ်။

ဓာတ်ပုံစစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ရွာသစ်၊ ဥက္ကံ၊ တဂေါင်းအိုင်ရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ထားမှု မြင်ကွင်း

0 Shares:
You May Also Like
Read More

တောင်ဒဂုံက စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ဘုန်းကြီးရဲ့ညီဖြစ်သူ တိမ်းရှောင်နေလို့ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွား…

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
Read More

လောင်းလုံး ပကဖ မှ ကျဆုံးရဲဘော် တပ်ခွဲမှူး တုတ်ကြီးနှင့် ရဲဘော် Fire အတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြု…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းဘူး (စကု) မြို့နယ်အတွင်း ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူး (စကု)မြို့နယ်၊ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ယောက် သေပြီး တပ်ကြပ်ကြီးအပါအဝင် အများအပြား ဒဏ်ရာရသွားကြောင်း သိရပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။