ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေ့ကေကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်ကုန်း ခေါ် စွယ်တော်ကုန်းမှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခဲယမ်းဂိုထောင်မီးလောင်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲအတွင်း မြဝတီမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး အနီးနားကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

နေရာခန့်မှန်းလို့မရပေမယ့် ထုသံတွေကတော့ ဆက်တိုက်ဆိုသလို ကြားနေရတယ်။ စက်တင်ဘာလ၂၉ရက်နေ့ ညကလည်း တဒုန်းဒုန်း ထုနေတယ်။ တိုက်ပွဲအရှိန်မြင့်လာပုံရတယ်လို့  သောင်ရင်းမြစ်ကမ်းဘေး နေထိုင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အကြမ်းစစ်တပ်ဖက်က အထိုင်ချထားတဲ့  စွယ်တော်ကုန်းကို ပိတ်ဆို့ထားတာဗျ။ အဖွဲ့စုံပေါ့။ အဓိကတော့ ကော်ဘရာစစ်ကြောင်းဦးဆောင်ပြီး တိုက်ခိုက်မှုတွေလုပ်နေတာပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်သလို ကော်ဘရာဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်းသီးနဲ့ ဗုံးကြဲနေတာ။ သူတို့ ယမ်းတွေထားတဲ့ဂိုထောင်တော့ မီးလောင်သွားတယ်။ ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိနိုင်သေးဘူးလို့ မြေပြင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ကရင်ပြည်နယ် လေ့ကေကော်မြို့သစ်မှာရှိတဲ့ စွယ်တော်ကုန်းနဲ့ မြဝတီမြို့မှာရှိတဲ့ ခလရ ၂၇၅ တပ်တွင်းကို လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်သားအင်အားတွေ မကြာခဏ ဖြည့်တင်းပေးနေတယ်လို့လည်း သိရပါတယ်။ လက်ရှိ စွယ်တော်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံကော်ဘရာစစ်ကြောင်း ရဲဘော်တစ်ယောက်ကို ရှေ့တန်းစစ်မျက်နှာမှာ တွေ့မြင်ရစဉ်

0 Shares:
You May Also Like
Read More

က.လ.လ.တ ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ -  ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အ​ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၁) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

အမေရိကန်က ပြည်ပအကူအညီ ပေးအပ်မှု ၃ လတာ ရပ်ဆိုင်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်မှာ ပြုလုပ်တဲ့ KNU ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်−ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။