ဒဂုံတက္ကသိုလ်၊ ဇီဝဓာတုဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား ခင်မောင်ဌေး () ကျန်ကျောင်း (အသက် ၂၅ နှစ်) ကို စက်တင်ဘာလ ၂၆ ရက်မှာ Anonymous Force အဖွဲ့ဝင်လို့စွပ်စွဲပြီး မတရားဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ထားကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများရန်ကုန်) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအယောက် (၃၀) ကျော်ရှိနေပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံထားရဆဲဖြစ်တယ်လို့ တကသများရန်ကုန်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းအတွင်း စစ်တပ်ခြေလျင်တပ်ရင်းဆီ ပို့ဆောင်မည့် ရိက္ခာသယ်ကား ၁စီးကို ဖမ်းဆီးရမိ

"ဒီနေ့ ၉နာရီလောက်မှာ ရေစကြို- ပခုက္ကူလမ်းပိုင်းပေါ် ကျနော်တို့ ရှောင်တခင် တက်စစ်တယ်ပေါ့။ အဲ့မှာ ဒီကားကိုတွေ့တယ်။ စစ်ကြည့်တော့ စာရွက်စာတမ်းတွေနဲ့ ခလရ-၂၅၆ ကိုပို့မယ့် ရိက္ခာကားဖြစ်နေလို့ သိမ်းဆည်းခဲ့ပါတယ်။ ယာဥ်မောင်းက အရပ်သားပါ။ စစ်ကောင်စီက လက်နက်ပြခြိမ်းခြောက်ပြီး ချောဆွဲတာလား၊ နဂိုအလိုတူအလိုပါလားဆိုတာကိုတော့ ဆက်ပြီးစုံစမ်းရပါဦးမယ်။ ဒါကြောင့်မို့ ထိန်းသိမ်းထားပါသေးတယ်။ သတင်းဆက်ထုတ်ပြန်ပါမယ်။" လို့ ရေစကြိုမြို့နယ်- ပကဖ သတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းတွင် မြေပြင်အခြေအနေများ အမြဲမပြတ်လေ့လာရင်း မှန်ကန်ပြီး အလုပ်ဖြစ်သည့် စီမံမှုများ ဖြစ်အောင် ကြိုးပမ်းကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းမှာ မြေပြင်အခြေအနေတွေကို အမြဲမပြတ်လေ့လာရင်း မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလုပ်ဖြစ်တဲ့ စီမံမှုတွေ ဖြစ်အောင် ကြိုးပမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပတ်သည့် စစ်ကောင်စီတပ်နှင့် ပေါ်တာဆွဲသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ…

"ဒီကောင်တွေ ပြည်သူတစ်ယောက်ကို ပေါ်တာဆွဲပြီး လက်ပံတန်းရဲစခန်းကို ပြန်လာကြတာပါ။ ဘယ်ရွာထဲဆိုတာကတော့ ပြောလို့မရဘူး။ ဒလန် သတင်းပေး အန္တရာယ် ရှိလို့ပါ။ ဒီလိုနဲ့ ပေါ်တာဆွဲခံရတဲ့သူကို ရှေ့ကကောင်တွေက ကားနဲ့ အရင်ခေါ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်တွေက ဝါးပင်အောက် ၅ ယောက်လောက် စုပြီး ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်းတွေအပေါ် လာရပ်တော့ အချိန်ကိုက်ဆွဲလိုက်တာပါ။ မိုင်းက ၁ လုံးပဲ ကွဲလိုက်ပါတယ်။ မျက်စိရှေ့တင် ထိခိုက်လဲကျကုန်ပါတယ်။ " လို့ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန ၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) Gyo Bin Gauk Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တန့်ဆည်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။