ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

သူတို့တွေဟာ ညောင်ပင်သာရွာ ၁လမ်းမှာ နေထိုင်သူတွေဖြစ်ကြပြီး လင်မယား ၂ယောက်နဲ့ လယ်အကူအလုပ်သမား ၁ယောက် လယ်ကွင်းထဲဆင်းချိန် အခုလို ကြုံခဲ့ရတာလို့ သိရပါတယ်။

သူတို့က လယ်ထဲသွားကြတာ.. စပါးရိတ်ဖို့။ ညနေ ၄နာရီလောက်မှာ မိုးကြိုးပစ်ချလို့  ၃ယောက်စလုံးမှောက်လျက်အနေအထားနဲ့ သတိတွေလစ်နေကြတာ။ ရွာကသူတွေက ဝိုင်းဝန်းကူညီမှုနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် အသက်၄၅နှစ်ရှိသူ အမျိုးသားသေဆုံးခဲ့ပြီး သေဆုံးတဲ့ အမျိုးသားရဲ့မိန်းမနဲ့ အလုပ်သမားကတော့ ဆေးကုသနေရတုန်းပဲလို့ ညောင်ပင်သာရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

အထက်ပါ ဒေသခံကပဲအခု ဆေးကုသမှုခံယူနေရတဲ့ နှစ်ယောက်လုံးလည်း စကားမပြောနိုင်သေးဘူး။ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိသေးတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေလည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲထက် နိုင်ငံကို တည်ငြိမ်အောင်ပြုလုပ်ဖို့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ထက် တိုင်းပြည်တည်ငြိမ်ရေးသာ ဦးစားပေးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။