ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF အမှတ် () တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာခဲ့တဲ့ ကရင်နီပြည်လက်နက်ကိုင် တော်လှန်ရေးကို အခြေခံ ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို တပ်ရင်းရှိရဲဘော်တွေနဲ့ ပြည်သူလူထုကို စိတ်ဓါတ်မြှင့်တင်ဖို့နဲ့ စိတ်ခွန်အားပေးဖို့ KAC အဖွဲ့က KNDF/B-06 မှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။

Lose and Hope ရုပ်ရှင်ကို KAC အဖွဲ့က ဒါရိုက်တာ John Meia ရိုက်ကူးထားပြီး KNDFအပါအ၀င် ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးတပ်တွေမှာ တာ၀န်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့၀င်ရဲဘော်၊ ရဲမေတွေ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ရုပ်ရှင်ပြသရာမှာ KACအဖွဲ့က တပ်ရင်းရှိ ရဲဘော်တွေနဲ့ ပြည်သူလူထုကို မိတ်ဆက်ခြင်း၊ KNDF အမှတ် ()တပ်ရင်းရဲ့ တပ်ရင်းမှူးက အမှာစကားပြောကြားခြင်း၊ ရုပ်ရှင်ပြပြီးချိန် ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေကို မျှဝေခြင်းနဲ့ KACအဖွဲ့က မေးခွန်းတွေကို ပြန်လည် ဖြေကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Lose and Hope ရုပ်ရှင်ကို တော်လှန်ရေးရန်ပုံငွေအတွက် ပြည်ပနိုင်ငံတွေမှာလည်း ပြသနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

“အရေးတော်ပုံ” ဆိုသည့် စကားလုံးသုံးနှုန်း မဲဆွယ်မှုကြောင့် ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

စစ်အုပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲဆွယ်စည်းရုံးရာမှာ "တော်လှန်ရေး"၊ "အရေးတော်ပုံ" စတဲ့ စကားလုံးတွေကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင် စစ်အုပ်စုလုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် စက်တင်ဘာလအတွင်း မြို့ပြ UG များ၏ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်ထက်မနည်း ရှိခဲ့

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့က စစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေရဲ့စစ်ရေးလှုပ်ရှားမှု ၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်း မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေမည်

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။