စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးပျူစခန်း၊ ပန်းရံပျူစခန်း၊ မင်္ဂလာပျူစခန်းနဲ့ ဇီးကုန်းပျူစခန်းတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile  အဖွဲ့ကနေ သိရပါတယ်။

စက်တင်ဘာ၂၅ရက်ကသီးလုံးပျူစခန်းကိုဒရုန်းနဲ့ဗုံးသီး၅လုံး၊စက်တင်ဘာ၂၆ရက်မှာပန်းရံပျူဂိတ်ချစခန်းကိုဗုံးသီး၃လုံး၊စက်တင်ဘာ၂၇ရက်ကမင်္ဂလာရွာရှေ့ပျူကင်းစခန်းကိုဗုံးသီး၂လုံးနဲ့ဇီးကုန်းလေးရွာနောက်ပျူဘန်ကာကိုဗုံးသီး၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်း သီးလုံးပျူစခန်းမှာ ရောက်ရှိနေတဲ့ ဇီးဖြူကုန်း ပျူ ၁ ယောက်နဲ့  မင်္ဂလာ ပျူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ပန်းရံပျူစခန်းမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Shwebo Crocodile၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ M . S . N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (ဝလ) ၊ စွန်ရဲရွှေဘို ဒေသခံ ၊ ရွှေဘိုအားမာန် ၊ (LDF) BO BA Taw shwebo FederalArmy Snake Eye ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ YAUNG NI HG FIGHTRS Zay Yar Thawed EYE FOR EYE Flying Dragon Force ၊ ကိုသူရိန် အဖွဲ့ နဲ့ မဟာမိတ်ဖြစ်တဲ့ ရွှေဘိုခရိုင် တပ်ရင်း () ဗိုလ်လင်းရောင်(ဒပယ)၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဇာမဏီဒေါင်း (ဒပယ)အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး တပ်ရင်းတပ်ဖွဲ့၊ ရပ်/ကျေးပကဖ၊ ပလဖ၊ Local (LDF) တွေ ပူးပေါင်းပြီး ဝေဟင်၊ မြေပြင် စစ်ရေးအရှိန်မြှင့်တင်သွားမှာဖြစ်တဲ့အတွက် အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေရဲ့ အနီးနေရာတွေမှာ ပြည်သူတွေ မနေကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်ကို အရေးယူမှု မလုပ်နိုင်မချင်း ရက်စက်ကြမ်းကြုတ်မှုသံသရာ ဆက်လက်ဖြစ်ပွားနေမယ်လို့ သတိပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီကို အရေးယူမှု တစ်စုံတစ်ရာ မလုပ်နိုင်သေးသရွေ့ ရက်စက်ကြမ်းကြုတ်မှု သံသရာ လည်ပတ်နေဦးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က သတိပေး ပြောကြားလိုက်ပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

မလှိုင်မြို့နယ် သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေကာ ၁ ယောက် ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အမြောက်အမြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

လေးကေကော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။