ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် () လုံး ပျက်စီးခဲ့ပြီး ပြည်သူ () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ (၃၀) ရက် မနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ (၄၅)နှစ်အရွယ် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီအမျိုးသမီးနေအိမ်လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာလ (၂၈) ရက် ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ကပဲ အဲ့ဒီနေ့ညပိုင်းမှာ ၁၂၀ မမ လက်နက်ကြီး ()လုံး ထပ်မံပစ်ခတ်ခဲ့ရာ  လက်နက်ကြီး () လုံးက အင်းပရိတ် ကျေးရွာ အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်တဲ့ ()လုံးကတော့ လိန်ပင်၀ိုင်း ကျေးရွာ စာသင်ကျောင်းဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် စက်တင်ဘာ (၂၉) ရက် မနက်ပိုင်းမှာလည်း ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မူးမြို့နယ်အတွင်း စက်တင်ဘာလ (၂၇) ရက် ညနေပိုင်းမှာ ကညွတ်ကွင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ၄၃၉ တပ်ရင်းက လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ (KNU) − အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ

0 Shares:
You May Also Like
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အထွေထွေဖိနှိပ်မှုတွေကို အန်တုပြီး စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲတွင် ကင်းလှည့် ပျူစောထီးများ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ် (၁) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်အုပ်စုဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး  ၂ ယောက် သေဆုံးပြီး သေနတ် ၁ လက် ရရှိခဲ့တယ်လို့ Unity Column တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။