ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။

တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ချန်တာဝေ့နဲ့ ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား အယောက် ၂၀ ကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တရုတ်မြန်မာနယ်စပ်၊မူဆယ်မှာအွန်လိုင်းငွေလိမ်လည်လုပ်ငန်းလုပ်နေသူတွေကိုစစ်ကောင်စီကဆက်တိုက်ဖမ်းဆီးနေပြီးစီမံချက်သဖွယ်နဲ့အခုနောက်ပိုင်းမှာပိုမိုလုပ်ဆောင်လျက်ရှိနေပါတယ်။

တရုတ်အလိုကျ ဖမ်းဆီးပေးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေလည်း ပါဝင်နေပြီး အခုရက်ပိုင်းအတွင်း မူဆယ်မြို့မှာ စစ်ဆင်ရေးတစ်ခုသဖွယ် လုပ်ဆောင်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာမှာ အပြန်အလှန်တိုက်ပွဲပုံစံမျိုးအထိ ပစ်ခတ်မှုတွေ ရှိခဲ့ပါသေးတယ်။

စစ်ကောင်စီအပြင် UWSA ကလည်း တရုတ်နယ်စပ်က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို မကြာခဏ ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးတဲ့ အရေအတွက်ဟာ ရာဂဏန်းလောက် ရှိသွားပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ် သက်သေ တစုံတရာ ပြသမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည်ဟု စာထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦး ခမရ ၄၄၀ မှ စစ်မှုထမ်းဆင်းစစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်အုပ်စု လူမျိုးရေး မုန်းတီးလှုံ့ဆော်နေသည်ဟု တော်လှန်ရေးအသိုင်းအဝိုင်း သတိပေး

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။