မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၉ရက်၊ ဒီနေ့မနက်အစောပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ရာမှာ ၂လုံးဟာ ဌာနချုပ်ဝန်းထဲမှာရှိတဲ့ အပတ်စဥ် ၃ စစ်သားတွေ နေထိုင်ရာဘားတိုက်အဆောက်အအုံကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်သလို နောက်၂လုံးကတော့ ကွင်းထဲကျခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့က ပြောပါတယ်။

“၆ လုံးပစ်တာမှာ ၄ လုံးအောင်ပြီး ရှော့ ဒုံး ၄ လုံး စလုံး လပခ ထဲ ဝင်ပါတယ်။ ၂ လုံး က မြောက်ပိုင်းထိုးစစ်ဆင်မယ့် အပတ်စဉ် ၃ စခတွေနေတဲ့ ဘားတိုက်ကို၂ လုံးကိုထိပြီး ၂၀ ထိခိုက်တယ်လို့သိရပါတယ်။ သေဆုံးမှု ရှိမရှိကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ နောက် ၂ လုံးကတော့ ကွင်းထဲကျတယ်လို့သိရပါတယ်။ ဒါက လက်ရှိစုံစမ်းသိရှိရသလောက်ပါ။ နောက်ထပ်အထိအခိုက်အပျက်အစီးများလည်း ဆက်လက်စုံစမ်းနေပါတယ်။” လို့ Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က အစစ်အဆေးတွေရှိခဲ့ပေမယ့် မစ်ရှင်လုပ်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေ အကုန်လုံးဘေးကင်းလုံခြုံရာ သက်ဆိုင်ရာဌာနေ စခန်းအသီးသီးကို ပြန်လာနိုင်ခဲ့တယ်လို့သိရပါတယ်။

“ရဲဘော်တွေက စခကင်းပုန်းတွေကြားကပဲ အတွင်းစည်းထဲအထိ အပျောက်ဝင်ပစ်တယ်၊ အပျောက်ပြန်ထွက်တယ်၊ ရုတ်တရက်ဘယ်နေရာကပစ်မှန်းမသိတော့ သူတို့တွေ ဘယ်လိုက်ရမှန်းမသိဘူး၊ ပစ်ပြီး ၁၅ မိနစ်လောက်နေတော့ စခကား ၂ စီး မီးထိုးပြီး ပတ်ရှာနေတာတွေ့ပါတယ်။” လို့ Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးနောက်ပိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီရဲ့အဓိကအားထားရာဖြစ်လာသလို ရန်နိုင်မင်း စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး အင်အားအစွမ်းကုန် ဖြည့်တင်းထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအလိုက် အကြမ်းဖက် တပ်ရင်း တပ်ဖွဲ့တွေရဲ့ အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်တွေ ဖြစ်တဲ့အတွက် ရန်သူရဲ့  Chain of Command ကို ဖြတ်တောက်ဖြိုခွဲဖို့ ရည်ရွယ်ပြီး အခုလို တိုင်းစစ်ဌာနချုပ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Brave Warriors for Myanmar အဖွဲ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၃ရက်နေ့ ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုမှာတော့ ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ PA ဗိုလ်မှူးကြီးနဲ့ အရာရှိတွေအပါဝင် ၁၈ယောက်ထိခိုက်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်နေစဥ်

0 Shares:
You May Also Like
Read More

ခမရ ၁၅ တပ်ရင်း၏ စစ်ဆေးရေးဂိတ်ကို MBT နှင့် ပူးပေါင်းတပ်များ ပြောက်ကျားဝင်ပစ်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲ ဥပဒေအကြောင်းပြပြီး စစ်တပ် ဖမ်းဆီးထားသူ ၆၀ ဦးကျော် ရှိလာ…

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် နိုင်ငံအနှံ့ ဖမ်းဆီးခံရသူ ဦးရေဟာ ၆၄ ယောက်အထိရှိလာပြီလို့ သိရပါတယ်။ အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောခဲ့တာ ဖြစ်ပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။