စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဆားလင်းကြီးမြို့သို့ တပ်အချိန်အပြောင်းနဲ့ ရိက္ခာပို့ပြန်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက စတင်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force ထံက သိရပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)၊ မုံရွာခရိုင်ပြည်သူကာကွယ်‌ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၄) 5/Teachers People Defense Force၊ Fight For Freedom (F3)၊ Chindwin Defence Force (CDF)တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဇာနည် (၁၂) ဦး (ရုပ်/သံ)

ယနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်သွားခဲ့တဲ့ အာဇာနည် ၁၂ ဦးရဲ့အကြောင်းကို ဖော်ပြလိုက်ရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်သားနဲ့ပျူတွေကို ကြိုဆိုနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့၊ ပလိုင်းခြံက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodie အဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် MLA ရဲဘော် ၅ ဦး၏ စျာပနကို ရှေ့တန်းတစ်နေရာမှာ ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲဘော် ၅ ယောက်ရဲ့ နာရေးစျာပနကို ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်-မြိတ်အမှတ် (၈) လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လမ်းမပေါ် ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်မှု ၄ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။