ကရင်နီပြည်နယ်မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း ကောက်ယူပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပါဝင်လုပ်ဆောင်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့  ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို က ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီအလိုကျ ရွေးကောက်ပွဲဖြစ်မြောက်ရေးနဲ့ သန်းခေါင်စာရင်းကိစ္စတွေမှာ ပါဝင်မယ့် Non-CDM ဝန်ထမ်းတွေနဲ့ စစ်ကောင်စီနဲ့ဆက်စပ်ပတ်သက်သူတွေ အားလုံးကို သတိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

လက်နက်စွန့်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့ အကြမ်းဖက်စစ်တပ်ရဲ့ ဖိတ်ခေါ်မှုကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုအနေနဲ့ လုံးဝ လက်မခံကြောင်းလည်း အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီက  စစ်ရာဇဝတ်မှုတွေကိုချေဖျက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပြီး သူတို့လက်ကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းကာ နိုင်ငံရေးမှာ ဆက်လက်ပါဝင်ချုပ်ကိုင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့လည်း ဒီမော့ဆို PDF က ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအဖြေမဟုတ်ဘဲ နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC) ကလည်း မနေ့က  စက်တင်ဘာ ၂၈ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

တရားမဝင် အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်မှုကို ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ခံမှာ မဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ဖြစ်ပေါ်ရေးအတွက်သာ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကြယ်နီတပ်ဦး (RSF) က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေကြောင့် ပစ္စည်းအဝယ်ပါးကာ ကုန်ကားသမားတွေ အရှုံးပေါ်နေ…

အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်ထား

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

သီပေါမြို့က ခမရ-၅၀၃ နဲ့ ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်တပ်မိသားစုဝင် (၁၉၁) ယောက်ကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။