မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၉ရက်၊ ဒီနေ့မနက်အစောပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ရာမှာ ၂လုံးဟာ ဌာနချုပ်ဝန်းထဲမှာရှိတဲ့ အပတ်စဥ် ၃ စစ်သားတွေ နေထိုင်ရာဘားတိုက်အဆောက်အအုံကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်သလို နောက်၂လုံးကတော့ ကွင်းထဲကျခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့က ပြောပါတယ်။

“၆ လုံးပစ်တာမှာ ၄ လုံးအောင်ပြီး ရှော့ ဒုံး ၄ လုံး စလုံး လပခ ထဲ ဝင်ပါတယ်။ ၂ လုံး က မြောက်ပိုင်းထိုးစစ်ဆင်မယ့် အပတ်စဉ် ၃ စခတွေနေတဲ့ ဘားတိုက်ကို၂ လုံးကိုထိပြီး ၂၀ ထိခိုက်တယ်လို့သိရပါတယ်။ သေဆုံးမှု ရှိမရှိကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ နောက် ၂ လုံးကတော့ ကွင်းထဲကျတယ်လို့သိရပါတယ်။ ဒါက လက်ရှိစုံစမ်းသိရှိရသလောက်ပါ။ နောက်ထပ်အထိအခိုက်အပျက်အစီးများလည်း ဆက်လက်စုံစမ်းနေပါတယ်။” လို့ Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က အစစ်အဆေးတွေရှိခဲ့ပေမယ့် မစ်ရှင်လုပ်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေ အကုန်လုံးဘေးကင်းလုံခြုံရာ သက်ဆိုင်ရာဌာနေ စခန်းအသီးသီးကို ပြန်လာနိုင်ခဲ့တယ်လို့သိရပါတယ်။

“ရဲဘော်တွေက စခကင်းပုန်းတွေကြားကပဲ အတွင်းစည်းထဲအထိ အပျောက်ဝင်ပစ်တယ်၊ အပျောက်ပြန်ထွက်တယ်၊ ရုတ်တရက်ဘယ်နေရာကပစ်မှန်းမသိတော့ သူတို့တွေ ဘယ်လိုက်ရမှန်းမသိဘူး၊ ပစ်ပြီး ၁၅ မိနစ်လောက်နေတော့ စခကား ၂ စီး မီးထိုးပြီး ပတ်ရှာနေတာတွေ့ပါတယ်။” လို့ Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးနောက်ပိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီရဲ့အဓိကအားထားရာဖြစ်လာသလို ရန်နိုင်မင်း စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး အင်အားအစွမ်းကုန် ဖြည့်တင်းထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအလိုက် အကြမ်းဖက် တပ်ရင်း တပ်ဖွဲ့တွေရဲ့ အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်တွေ ဖြစ်တဲ့အတွက် ရန်သူရဲ့  Chain of Command ကို ဖြတ်တောက်ဖြိုခွဲဖို့ ရည်ရွယ်ပြီး အခုလို တိုင်းစစ်ဌာနချုပ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Brave Warriors for Myanmar အဖွဲ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၃ရက်နေ့ ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုမှာတော့ ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ PA ဗိုလ်မှူးကြီးနဲ့ အရာရှိတွေအပါဝင် ၁၈ယောက်ထိခိုက်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်နေစဥ်

0 Shares:
You May Also Like
Read More

အရှိုချင်း ကာကွယ်ရေးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ တပ်သားသစ်တွေ ခေါ်ယူ

အရှိုချင်းကာကွယ်ရေးတပ်(ACDF) ကနေ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၆) အတွက် သင်တန်းသား အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ တရုတ်ပိုင် စက်ရုံ ၂ ခုကို ဖောက်ခွဲတိုက်ခိုက်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တာတွေ များလာတဲ့ ရန်ကုန်တိုင်းထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ခုကို မိုင်းခွဲသတိပေးခဲ့ကြောင်း The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုသာဖြစ်လို့ လုံး၀ လက်မခံကြောင်း ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ  လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေမဟုတ်ဘဲ  နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု လူမျိုးရေး မုန်းတီးလှုံ့ဆော်နေသည်ဟု တော်လှန်ရေးအသိုင်းအဝိုင်း သတိပေး

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။