စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ရက်ဆက်တိုက် ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် ကျေးရွာ ၃ရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် အပြစ်မဲ့ပြည်သူ ၇ယောက်သေဆုံးခဲ့ရတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကန့်ဘလူမြို့နယ်အတွင်းက ရေရှင်ကြီးရွာ၊ အောင်တိုင်းလယ်ရွာနဲ့ မှန်နီပင်ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို စစ်ကြောင်းနဲ့တိုးတဲ့ အမျိုးသမီး၁ယောက်ကိုပါ  ပစ်သတ်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စံပါယ်နံ့သာ အထိုင်တပ်ကနေ ရေရှင်ကြီးရွာကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ရွာနေအမျိုးသား၄ ယောက်နဲ့ အမျိုးသမီး ၃ယောက်ထိခိုက်ခဲ့ပြီး ၊ ခရီးသွား အမျိုးသား၁ယောက်လည်း ဗုံးသီးထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ အောင်တိုင်းလယ်ကျေးရွာကိုပါ ဒရုန်း ဗုံးသီးချလို့ အသက် ၅၀ ကျော်အမျိုးသမီးကြီး ၁ယောက် သေဆုံးခဲ့သလို အဲ့နေ့မနက်မှာပဲ ၂ မိုင်တောတိုက်မှာနေတဲ့ အမျိုးသမီး၁ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်၊ မနေ့ကမနက်ပိုင်းမှာလည်း အဲ့ဒီ စံပါယ်နံ့သာ အထိုင်တပ်ထဲကနေပဲ Droneနဲ့ ထပ်ပြီးဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အထိုင်တပ်နဲ့ ၄ မိုင်အကွာမှာရှိတဲ့ မှန်နီပင်ရွာက ညီအစ်မ၂ယောက် အပါအဝင် အသက်၅၀ အရွယ်အမျိုးသမီးကြီး၁ယောက်နဲ့ အသက်၅နှစ်အရွယ်ကလေးငယ် ၁ယောက် သေဆုံးခဲ့ရပါသေးတယ်။

တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ၂ရက်ဆက်တိုက် လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီကြောင့် ကန့်ဘလူနယ် ကျေးရွာ ၃ရွာက အပြစ်မဲ့ပြည်သူ ၇ယောက်သေဆုံးခဲ့ရပြီး အသက်အန္တရာယ်မစိုးရိမ်ရပဲ ဒဏ်ရာရရှိထားသူ​တွေလည်း ၇ယောက်အထိရှိတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

“ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။” လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။

ဓာတ်ပုံ – ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နေပြည်‌တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် က တိုက်ခိုက်ရေးရဲဘော်တွေဟာ ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးအဆင့်နှင့် ၃ ပွင့်ဗိုလ်အပါ စစ်သားအများအပြား သေပြီး ၂ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို