MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့ လူနေရပ်ကွက်တစ်ခုက ကားဝပ်ရှော့တစ်ခုမှာ စစ်ကောင်စီက ကြဲချတဲ့ ဗုံးတွေကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတွေကဆိုပါတယ်။

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့ပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

ထိခိုက်သေဆုံးရတဲ့ အရေအတွက်ကို လတ်တလောမှာ အတည်မပြုနိုင်သေးသလို MNDAA ဘက်ကလည်း တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

လားရှိုးမြို့ကို ပြီးခဲတဲ့ စက်တင်ဘာ ၂ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ရက်ခြားဆိုသလို စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ၁၄ ကြိမ်ရှိပြီး သုံးယောက်သေဆုံးခဲ့ရတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

အရပ်သား ပြည်သူတွေနေထိုင်ရာ နေရာတွေကိုပစ်မှတ်ထားဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ အရှက်မရှိတဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တယ်လို့ MNDAA က အပြင်းအထန်ရှုံ့ချထားပါတယ်။

ဓာတ်ပုံ (Nay Wai Soe)

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်တွင် တပ်/ဌာနတွင်း အမာခံသတင်းပေး (PreCDM) အဖြစ် အမျိုးသမီးဝန်ထမ်း များစွာရှိနေ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီး တပ်/ဌာနတွင်း အမာခံသတင်းပေး(PreCDM) နဲ့ PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများစွာ ရှိပြီး လေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ဒီနေ့ ထု​တ်ပြန်ကြေညာပါတယ်။
Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား ၂ ယောက် သေ၊ ၉ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ယောကာကွယ်ရေးတပ်မှ စိုးမိုးနယ်မြေရှိ နေရပ်မပြန်နိုင်သေးသည့် ကာလရှည် စစ်ဘေးရှောင်ပြည်သူများကို ဆန်နှင့် အမိုးအကာ ကူညီပံ့ပိုး

ယောကာကွယ်ရေးတပ် - YDF အနေနဲ့ ယောနယ်က စိုးမိုးနယ်မြေအတွင်းရှိ နေရပ် မပြန်နိုင်သေးတဲ့ ကာလရှည် စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာဆန်နဲ့ အမိုးအကာတွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီလက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူး ဟု ထိုင်းငြင်းဆို

ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်း တွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။