မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို ဒီနေ့စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်း စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး အင်အားဖြည့်တင်းထားတဲ့ စစ်တိုင်းဌာနချုပ်ဖြစ်တယ်လို့ သိရပါတယ်။ 

Brave Warriors for Myanmar အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ လေတပ်နဲ့ တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမားတဲ့ စစ်ရေးပစ်မှတ်တွေကို ရှာဖွေပြီး တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။ 

တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအလိုက် အကြမ်းဖက်စစ်သားတွေ တပ်ရင်း တပ်ဖွဲ့တွေရဲ့ အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်တွေ ဖြစ်တဲ့အတွက် ရန်သူရဲ့  Chain of Command ကိုဖြတ်တောက်ဖြိုခွဲဖို့ ရည်ရွယ်ပြီး တိုင်းစစ်ဌာနချုပ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်မှုဟာ အခုတစ်ကြိမ်ဆိုရင် ၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ ၅၉၈ ကို စစ်ကူပေးနေသည့် စစ်ကော်မရှင်တပ်သားများ ခိုအောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းငေါ့မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲအတု လုံခြုံရေးယူရန်လာသည့် စစ်သင်္ဘောနှင့် စက်လှေများကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။