လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကပါ လက်မခံ ဆန့်ကျင်ကြောင်း အသီးသီး စာတွေ ထုတ်ပြန်နေကြပါတယ်။ 

အဖက်ဖက်ကနေ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကတော့ သူတို့ရဲ့ လွတ်လမ်း၊ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေပါတယ်။ 

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က စစ်ကောင်စီ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘဲ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ဖြစ်ပေါ်ရေးအတွက်သာ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း မနေ့က စက်တင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ဒါက စစ်အစိုးရအဆက်ဆက်က သူတို့ အကြပ်အတည်းဖြစ်လာပြီ၊ သူတို့ခက်ခဲလာပြီဆို လုပ်နေကျ ထုံးစံအတိုင်းပါပဲ။ သူတို့ အဆင်မပြေမှုတွေ များလာပြီဆိုရင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်တွေကို လုပ်လေ့ရှိတယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေကြားမှာ သို့လော သို့လောနဲ့ ကွဲအောင်လုပ်တဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ချက်ကို စိတ်ချလို့မရပါဘူး။” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီကတော့ သူတို့ရဲ့ ရွေးကောက်ပွဲအထမြောက်ဖို့ နိုင်ငံတဝန်းက သူတို့ အာဏာသက်ရောက်တဲ့ မြို့နယ်အသီးသီးမှာ သူတို့လက်အောက်ခံဝန်ထမ်းတွေက သန်းခေါင်စာရင်း ကောက်ခံတာတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။   

လာမယ့်ရွေးကောက်ပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကပါ အယုံအကြည်မရှိ၊ လက်မခံဘဲ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီနေသူတွေ အားလုံးကို ပြင်းပြင်းထန်အထန် အရေးယူသွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကို အသီးသီးထုတ်ပြန်လာကြပါတယ်။ 

Dawei Defense Team – DDT ကနေလည်း “အာဏာသိမ်းစစ်ကောင်စီတပ်မှ ဦးစီးကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူများကို  ကျွန်တော်တို့ DDTတပ်ဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။” လို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေကို စိတ်ထင်တိုင်း သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ကိုင်လမ်းစဉ်ကနေ စွန့်ခွာပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးချယ်ဖို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို အရှက်ကင်းမဲ့စွာ ဖိတ်ခေါ်စာ ထုတ်ပြန်ခဲဲ့ပါသေးတယ်။

ဓာတ်ပုံ – အတုအယောင် ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးသရုပ်ပြမှုကို ကြည့်နေတဲ့ မင်းအောင်လှိုင်

0 Shares:
You May Also Like
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းအပြီး ရန်ကုန်မှာ မီးပျက်ချိန်ထပ်တိုး

စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီးနောက် ရန်ကုန်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေတဲ့ စနစ်ထဲ မီးပျက်ချိန်တစ်ချိန်ကို ထပ်မံ တိုးမြှင့်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။