စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ စက်တင်ဘာလ ၂၈ ရက်နေ့က  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၂ ခုနှစ်မတ်လက သားဖြစ်သူ ဇေသီဟနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ ၂နှစ်ကျော်အကြာ အကျဉ်းထောင်မှာနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာမှုဟာ အင်းစိန်ထောင်ဆေးရုံကနေ လွတ်မြောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်မင်းသမီး ဖြစ်သူ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဇေသီဟအနေနဲ့တော့ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ကာကွယ်ရေးဝန်ကြီးဌာနပိုင် အဆောက်အအုံကို ဌားရမ်းအသုံးပြုရာမှာ စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်မှု၊ မြရိပ်ညိုဟိုတယ်နှင့်ခြံဝင်း ငှားရမ်းမှုတွင် သဘောတူညီချက် ဖောက်ဖျက်မှု အစရှိတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံရတဲ့ဇေကမ္ဘာဦးခင်ရွှေဟာပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။

ဦးခင်ရွှေနှင့် သားဖြစ်သူတို့ကို ၂၀၂၂ ခုနှစ် မတ်လ (၂၂) ရက်က ဖမ်းဆီးထိန်းသိမ်းကာ ရှေးဟောင်း ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ပြီး အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

စတင် အမှုစွဲဆိုစဉ်က  ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ  အောင်ကျော်မိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

ငဖဲတွင် စစ်ကောင်စီတပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ဦးသေ၊ MA 1 သေနတ် ၁လက်နှင့် ကျည်ဘောက်များ ACDF ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ကို ကရင်နီပြည်တပ်မတော် KA ကတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများပါရရှိ

ထိုင်း - ကရင်နီနယ်စပ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ( စစ်ဆင်ရေးခြေကုပ်စခန်း) ကို ကရင်နီပြည်တပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အညာမြေကို ကွင်းဆင်းလှည့်လည်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသမှာ မြေပြင်ကို ကွင်းဆင်း လှည့်လည်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။