စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာက အကြမ်းဖက်စစ်တပ် ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပို့နေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက ရုပ်သံမှတ်တမ်းသက်သေနဲ့အတူ စုံစမ်းသိရှိရပါတယ်။

Y 12 လေယာဉ်နဲ့ စက်တင်ဘာလ ၁၈ ရက် ရမာန်နေ့ မနက်ပိုင်းက ခဲယမ်းရိက္ခာတွေ လာချပေးနေတာဖြစ်ပြီး မြေပြင်မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေက လုံခြုံရေးတွေ ယူပေးထားကာ လေထီးတွေနဲ့ ချပေးသွားတယ်လို့ သိရပါတယ်။

“လေယာဉ်နဲ့ ရိက္ခာ ခဲယမ်းတွေ ချပေးနေတာ၊ မနက် ၁၁ နာရီကျော်ကနေ  ၁၂ နာရီ ကျော်အထိကို ၁၂ ခေါက် ချပေးသွားတယ်၊ မြင်နေရပေမယ့် လုံခြုံရေးတွေ ချထားလို့ ဘာမှမလုပ်နိုင်ခဲ့ဘူး” လို့ Eagle Wings Drone တပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

“လေယာဉ်က လိုက်ပတ်ပြီးမှ ချသွားတာ အင်မထီးရွာအနီးက သာယာကုန်းကျေးရွာကို ချထားပေးခဲ့တာပါ၊ အင်မထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပျူစောထီး ၁၀ ယောက် ခန့်လောက်က လာသယ်ယူသွားပါတယ်” လို့ အဲ့ဒီ ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြေပြင်ထိုးစစ်ဆင်တာတွေကို အရင်လိုမလုပ်ဘဲ ဒေသခံပျူစောထီးတွေကို လက်သပ်မွေးထားပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေကိုမကြာခဏ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမအနောက်ခြမ်းမြို့နယ်များ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ဦးခန့် သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်သား ၂၂ ဦး ဖမ်းဆီးမိပြီး ၇ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။