ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိပ်မှူး ရဲဘော် မိုးဒီ(ခ) ကိုရှိုင်းစျာပနကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် ကိုရှိုင်းစျာပနအခမ်းအနားမှာ ရဲဘော် ဘားမားရေးသားထားတဲ့ ”ရဲဘော်ဆန္ဒ”ကို ဖတ် ကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like

ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုပြောပြတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြားကနေ လူနာကယ်ခဲ့ရတဲ့ အတွေ့အကြုံ (ရုပ်/သံ)

''ခေါင်းပေါ်မှာ လေယာဉ်က အခုပဲ ထိုးဆင်းပြီး ဗုံးကြဲတော့မယ့်အသံလိုမျိုးကြားရတယ်။ ခါတိုင်း အဲအသံကြားတာနဲ့ နီးစပ်ရာ ဗုံးခိုကျင်းတွေကို အလုအယက်ပြေးကြတာ။ ဒါပေမယ့် ကိုယ်လက်ထဲ မှာ ဒဏ်ရာရ လူနာရဲ့ သွေးကြောကို ဖိထားတာ။ ဒါကို ပြေးမယ်ဆို လွှတ်ပြီးပြေးရမှာ။ ပြေးမယ်ဆိုရင် သေချာတယ် လူနာက သေမှာပဲ။ အဲဒါတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်တို့ အနာဂတ် အတွက် တန်ဖိုးရှိတဲ့ လူနာတစ်ယောက် ကျွန်တော်လက်ထဲမှာရှိတယ်။ အဲဒါအဆုံးရှုံးမခံနိုင်ဘူး။ ဖြစ်ချင်ရာဖြစ် ဆက်လုပ်မယ်ဆိုပြီး ဆက်လုပ်ခဲ့တယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

ကံတလူတိုးဂိတ်အနီး အင်အား ၂၀ ခန့်ဖြင့် လုံခြုံရေးယူနေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး - မုံရွာ ကားလမ်းပေါ်က ကံတလူတိုးဂိတ်အနီး အင်အား ၂၀ ခန့်နဲ့ လုံခြုံရေးလာယူတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ သင့်မဲနှင့် လူသတ်ခွင့်မပေးနှင့်

ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ သင့်မဲနှင့် လူသတ်ခွင့်မပေးနှင့်
Read More

ရွှေဘိုမြို့နယ် မြင်းချင်းပျူကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်(ရုပ်/သံ)

ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် ညပိုင်းအချိန်က ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ် ပံ့ဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက်ခိုက်နေတယ်လို့ SSPP မှ ရုပ်သံဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။