ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေက Non CDM ပညာရေးဝန်ထမ်းတွေကို သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် တိုင်းအဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တွေမှာ သင်တန်းပို့ချပေးခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူရာမှာ စေတနာ့ဝန်ထမ်းအဖြစ် အကြမ်းဖက်စစ်တပ်က လုပ်ဆောင်ခိုင်းထားတယ်လို့ သင်တန်း တတ်ရောက်ခဲ့တဲ့ Non CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက Non CDM တွေကို သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သင်တန်းပို့ချပေးခဲ့ပြီး သန်းခေါင်စာရင်းတွေ ကောက်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုချိန်မှာတော့ မလုပ်ချင်လည်းလုပ်၊ လုပ်ချင်လည်း လုပ်ရတော့မှာပဲ၊ ဘာလို့လည်းဆိုတော့ ကျွန်မတို့က CDM လုပ်ဖို့ဆိုတာ မလွယ်ဘူး၊ အခက်အခဲတွေ အများကြီးရှိတယ်၊ နောက်သူတို့လက်အောက်မှာနေရတာဆိုတော့ သူ့ဆန်စားရင် ရဲရမယ် ဆိုတဲ့သဘော ဖြစ်နေတာပေါ့၊ အသက်မသေအောင် ရပ်တည်နေထိုင်နေကြရတဲ့ တိုင်းပြည်ရဲ့အခြေနေမှာ ရွေးချယ်စရာလမ်းမရှိခဲ့တာ၊ မိသားစုတွေရဲ့ စားဝတ်နေရေး အကျပ်အတည်း အခက်အခဲ တွေက ပြောပြမတတ်အောင် များနေတော့ သူတို့ခိုင်းသမျှ လုပ်ရမှာပဲ” လို့ Non CDM ပညာရေးဝန်ထမ်း အမျိုးသမီး ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

“CDM မလုပ်ခဲ့ကြဘူးဆိုပေမယ့် CDM လုပ်သွားကြတဲ့ ဝန်ထမ်းအားလုံးကို လေးစားပါတယ် ၊ အနှောင်အဖွဲ့မရှိပဲ လုပ်နိုင်ကြလို့လည်း အရမ်းဂုဏ်ယူရပါတယ်၊ ရင်ထဲကပဲ အားကျရုံပါ၊ တကယ်တန်း သူတို့တွေလောက် သတ္တိမရှိဘူး၊ အနှောင်အဖွဲ့တွေလည်း များတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရတော့မှာပဲ” လို့ အဲ့ဒီအမျိုးသမီးက ဆက်ပြောပါတယ်။

တိုင်းအဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုသင်တန်းတွေကို ဧရာဝတီတိုင်း အစိုးရအဖွဲ့တွေ ဦးစီးကျင်းပလုပ်ဆောင်ခဲ့ပြီး အိမ်ထောင်စုသန်းခေါင်စာရင်း ကောက်ယူမှုပြုလုပ်ဖို့ ပညာရေးဝန်ကြီးကိုယ်တိုင် နယ်လှည့်ဆွေးနွေးမှာကြားမှုတွေ ပြုလုပ်နေတယ်လို့ Non CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ဓာတ်ပုံ –  အိမ်ထောင်စုသန်းခေါင်စာရင်းကောက်တဲ့  သင်တန်း ပြုလုပ်နေပုံ

0 Shares:
You May Also Like
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Y.R.F ပကဖ ဆီ အလင်းဝင်လာတဲ့ ရဲ ၂ ယောက်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ ပြောဆို…

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၂ ယောက်က လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာပြီး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၁၁၁၁ စစ်ဆင်ရေးတပ်‌ပေါင်းစု (၁)နှစ်ပြည့်မှာ စစ်ဆင်ရေးအတွင်း အသက်ပေး လှူသွားခဲ့တဲ့ သူရဲကောင်းတွေကို KNDF လွမ်းဆွတ် ဂုဏ်ပြု

၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (ဖယ်ခုံဇုန်) က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဦးဆောင်ပြီး ရှမ်းမြောက်ပိုင်းက (၁၀၂၇) စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ အနေနဲ့ ၁၁၁၁ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖော်‌ဆောင်ခဲ့တာပါ။