တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) နဲ့ စစ်ကြောင်း(၂)တို့က စစ်ကောင်စီရဲ့ သိန္ဓောစခန်းကို ဧပြီလကုန်ခန့်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ််ကောင်စီတပ်သားတွေဟာ သိန္ဓောစခန်းကို လက်လွှတ်ရမယ့် အခြေအနေရောက်ခဲ့ပြီးမှ မြေပြင်စစ်ကူတွေ ထပ်မံရောက်ရှိလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ကို ယာယီရပ်နားခဲ့ရပြီး စခန်းကို မပြတ်ဝန်းရံပိတ်ဆို့ထားခဲ့တဲ့စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၅ ရက်မှာတော့ အဲ့ဒီသိန္ဓောစခန်းက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဆုတ်ခွါသွားခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ သိန္ဓောစခန်းဟာ (၁၉၈၀) ခုနှစ်ခန့်ကတည်းကနေ အခုချိန်အထိ နှစ်ပေါင်း(၄၀)ကျော် အခြေစိုက်တပ်စွဲခဲ့ပြီး အဲ့ဒီစခန်းကနေ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ဝါးနွယ်စခန်း၊ လေကေစခန်းနဲ့ ပွိုင့် (၃၀၀၀) စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေတဲ့ အဓိကကျတဲ့ ရှေ့တန်းစခန်းဖြစ်တယ်လို့ သိရပါတယ်။

သိန္ဓောစခန်းက ဆုတ်ခွါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်အား (၁၅၀) ခန့်ရှိပြီး ဘန်ကြုပ်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွါးနေရာ မြိတ်ခရိုင်အတွင်း ခရီးသွားလာမယ့် ပြည်သူတွေအနေနဲ့ တိုင်းစစ်ဌာန (တနင်္သာရီ)က ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေအတိုင်း အလေးထားပူးပေါင်းပေးကြဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Freedom Fighter Guerrilla Force ရဲ့ စစ်သင်တန်း ဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲကို ရှေ့တန်းမှာ အကျဥ်းချုံး ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အခြေစိုက် Freedom Fighter Guerrilla Force ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

ရန်ကုန်​-ပြည်လမ်းပိုင်းအတွင်း လူကြီးလမ်းကြောင်းစောင့်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၈ဦးသေ ပစ်ခတ်မှုဖြစ်ရာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးလမ်းကြောင်းစောင့်နေတဲ့ စစ်အုပ်စုတွေ ထိတွေ့မှုဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီက မင်းလှမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

ကျိုက်ထိုတွင် ဖမ်းမိသည့် ပျူစောထီးခေါင်းဆောင်များအား စစ်ဆေးပြီး ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်သွားမည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖော်ထုတ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၇) စစ်ဗျူဟာနဲ့ တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းသတင်းဌာနကို ပြောပါတယ်။