စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရုပ်ရှင်ပြပွဲမှာတော့ ပြည်သူတွေကို သပိတ်တရားဟောပြောခြင်း၊ တော်လှန်ရေးပကတိအခြေအနေတွေကို ပြောကြားခြင်း၊ တပ်မိတ်ဆက်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF) အနေနဲ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ရင်း တော်လှန်ရေးတာဝန်နဲ့ ဝတ္တရားတွေကို မဖောက်မပြန် ဆက်လက်ချီတက် ထမ်းရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆိပ်ဖြူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ ဆိုင်ကယ် ၁ စီး ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ် ပအဖ က လမ်းပြုပြင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီး ပြုပြင်ပေးနေတယ်လို့ အသိပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွယ်ကူစေဖို့အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းကာ ပြုပြင်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။