ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား” ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့နဲ့ ပညာရေးအဖွဲ့တို့ရဲ့ တာဝန်ရှိသူတွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်တစ်ယောက်က “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် စစ်သုံးစစ်တိုက်ဖျက်ရေး” ခေါင်းစဉ်နဲ့ ပြည်သူလူထုကို ဟောပြောခဲ့တယ်လို့ သိရပါတယ်။

ဟောပြောပွဲပြီးတဲ့နောက်မှာတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက တော်လှန်ရေးတေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့သလို အခမ်းအနားရဲ အထူးအစီအစဉ်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၈၀၃ တပ်ရင်း ရဲဘော်တွေ စီစဉ်တဲ့ “ဒါဟာ ဒဏ္ဍာရီ မဟုတ်ပါ” ပြဇာတ်နဲ့ ပြည်သူလူထုကို ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှာ ပြည်သူတွေက အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပြီး ရရှိလာတဲ့ အလှူငွေအားလုံးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကျေးရွာပညာရေးအဖွဲ့ဆီ ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မအူပင် အကျဉ်းထောင်က ထောင်ဝင်စာ ဈေးကွက်

ဧရာဝတီတိုင်း၊ မအူပင်အကျဥ်းထောင်မှာ အကျဥ်းချခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့်တောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက ငွေကြေးတောင်းယူမှုတွေရှိနေပြီး ငွေကြေးပေးနိုင်တဲ့သူတွေကိုသာ ဦးစာပေး တွေ့ခွင့်ပေးနေကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ဧပြီလအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၅၈) ယောက်ရှိတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၁၁)လုံးနဲ့ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ဗဟို၏ စစ်ရေးနှင့် နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၏ ဈာပနအခမ်းအနား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။