ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ယောက်သွားကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေထိုင်တဲ့ ကိုရင်လေး (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ကညင်ကြိုး ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က ၁၂၂ မမ ဟောင်ဝစ်ဇာ (၁) လုံး ထပ်မံပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာနဲ့ ရွှဲတလဲ ကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

မူးမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၂၅) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၅၉၉ တပ်ရင်းက ၈၁ မမ လက်နက်ကြီး (၇) လုံး ပစ်ခတ်ခဲ့ရာ စဝင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စဝင်းကျေးရွာနေ (၆၃) နှစ်အရွယ် အမျိုးသားနဲ့ (၁၈) နှစ်အရွယ် ယောကျ်ားလေးတို့ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကောက်မယ်သူ ကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာရရှိမှုများ

0 Shares:
You May Also Like
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကမ္မ-ပေါက်လမ်းပိုင်းရှိ ဆေးခန်း ၁ခု လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသား၂ ဦး ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့က ဆေးပေးခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့(မေ ၁၈) မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အညာ​မြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သားပြည်သူ ၈၆ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၈၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် နောက်တန်းစခန်း တစ်နေရာမှာ ဇွန် ၇ ရက် ဒီနေ့ မှာ ပြုလုပ်ခဲ့တယ်လို့ URF က ထုတ်ပြန်ပါတယ်။ 
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။