ONE Friday Fights – 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

သန့်ဇင်ဟာ ONE လက်အောက်တွင် သုံးပွဲထိုးသတ်ရာ ယခင် နှစ်ပွဲ အနိုင်ရခဲ့ပြီး ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာခဲရုဟာ ဂျပန်နိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့ ဖိုက်တာစ်ဦးဖြစ်သလို မွေ့ထိုင်း ချန်ပီယံ စူပါလက်ခ်ကို အခက်တွေ့အောင် ထိုးနှက်နိုင်ခဲ့သူဖြစ်တာကြောင့် သန့်ဇင်ကိုမြန်မာပရိတ်သတ်အများစုက အခုပွဲစဉ်ကိုစောင့်ကြည့်အားပေးခဲ့ကြတာပါ။

ဒီကနေ့ပွဲစဉ်ရလဒ်ကြောင့် သန့်ဇင်ဟာ ONE Championship မှာ ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင်နှင့် အဖော်အမျိုးသမီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကိုင်း ပေါက်တော ဂိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က ၁၀ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပေါက်တောရွာ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အကြမ်ဖက်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ၂၀ ဒဏ်ရာ ရရှိသွားတယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျပ်ဘီလီယံနှင့်ချီ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်သက်ဆိုင်ခြင်းမရှိဟု AA ထုတ်ပြန်၊ စစ်ရှုံးကောင်စီ၏ ရှက်ရမ်းရမ်းကာ အငြိုးအတေးကြီးစွာ စွပ်စွဲချက်သာဖြစ်သည်ဟု ဆို

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို ရန်ကုန်မြို့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားမှုဟာ စစ်အစိုးရအဆက်ဆက် လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးယုတ်မာမှုသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။