ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် – MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ် တိုက်လေယာဥ်တွေက လားရှိုးမြို့ ရပ်ကွက် ၂ မြို့မစျေးကြီး၊ အနီးတဝိုက်က လူနေရပ်ကွက်တွေနဲ့ ရပ်ကွက် ၁ က လူနေရပ်ကွက်တို့ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ဗုံးကြဲတိုက်ခိုက်မှုအနေနဲ့ ၁၅ မိနစ်အတွင်း ၃ ကြိမ် လုပ်ဆောင်ခဲ့ရာ အနည်းဆုံး ဗုံး ၉ လုံး ကြဲချခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးကာ အရပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့သလို ၄ ယောက် ဒဏ်ရာအပြင်းအထန် ရရှိပြီး လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ MNDAA က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကဝမြို့နယ် ပကဖ၏ ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ရပ်ရွာလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေနဲ့ ရပ်ရွာလူထုကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သမျှ စဉ်ဆက်မပြတ် အခမဲ့ ပြုလုပ်ပေးနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ် ပေါက်ကွဲသံကြားပြီးနောက် စစ်အုပ်စု ကျင်းပသည့် သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။