တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေကို လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲဆီသွားမယ့်လမ်းကြောင်းမှာ မင်းအောင်လှိုင်က တိုင်းရင်းသားတွေနဲ့ PDF တွေ လက်နက်စွန့်ပြီး  ပြဿနာဖြေရှင်းကြဖို့ မင်းအောင်လှိုင်က ဆိုပါတယ်။

မနေ့က စက်တင်ဘာ ၂၆ရက်မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ မင်းအောင်လှိုင်ရဲ့ပြောစကားကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေကို နေ့စဉ် လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုမှာ လက်တွေ့မကျဘဲ ရှုပ်ထွေးမှုတွေလည်းပါ၀င်နေပါတယ်။

မကြာခဏ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေကို အကြမ်းဖက်သောင်းကျန်သူတွေလို့ စွပ်စွဲခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲနီးကပ်လာချိန်ကျမှ လေသံပြောင်းလာခြင်းပဲဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြန်ကြားရေးဇော်မင်းထွန်းကိုယ်တိုင်က PDF တွေနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှိလာမှာမဟုတ်ဘူးလို့ မကြာခဏထုတ်ဖော်ပြောဆိုလေ့ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ လတ်တလော သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်း သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းပြည်စီးပွားရေး ကျဆင်းနေလို့ ကျေးရွာတွေကို မိးရှို့ဖျက်စီးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ အားစိုက်ဖို့ တိုက်တွန်းပြန်

မြန်မာ့စီးပွားရေးက  ဆိုးဆိုးရွားရွားကျဆင်းနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ဆိပ်ဖြူမှာ ပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၂ ယောက် သေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီပဲယင်းနဲ့ ရေဦးအနောက်ခြမ်းကို စစ်ကောင်စီ‌ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးကြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေလာလေးစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးစခန်းသိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းရဲဘော်တွေကို ပေါက်ဒေသ ပြည်သူလူထုက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။