အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှု အကြောင်းပြပြီး အတင်းအဓမ္မ အာဏာသိမ်းခဲ့တာ ၄နှစ်နီးပါးရှိလာခဲ့တဲ့နောက် အရှက်မဲ့စွာ ရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ စိုင်းပြင်းနေပါတယ်။

အဖက်ဖက်ကနေ စစ်ရှုံးနေတဲ့ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ မြို့နယ်အလိုက် သန်းခေါင်စာရင်းကောက်ခံမှုတွေကိုလည်း စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့် MSFC’s  Anti-Sham Election Committee ကနေပြီး စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထား ၄ ချက်ကို ထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီအချက်တွေကတော့ စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ အပေါင်းအပါတွေလို့ သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ကို ရပ်တန့်ရန်လိုကြောင်း၊ နိုင်ငံတကာလည်း ထိုရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ နည်းပညာ၊ ငွေကြေး စတဲ့ မည်သည့်ထောက်ပံ့မှုကိုမှ မပြုလုပ်ဖို့ ကိုလည်း လေးလေးနက်နက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဖိဟု ကျားဖြန့်တိုက်ဖျက်ရေး ဟန်ပြလုပ်နေသည့် စစ်အုပ်စု ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းရာ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယုံကြည်မှု၊ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းကောင်းနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ရေလာလေးစခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။