ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့ရာ လားရှိုးမြို့မစျေးနဲ့ ရပ်ကွက်အတွင်းက လူနေ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ၂ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လားရှိုးမြို့မစျေး၊ Green Park ဟိုတယ်အနီး၊ ရပ်ကွက် ၁ နယ်မြေတွေကို လေကြောင်းကနေ ဗုံးအများအပြား ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စျေးကြီး ဆိုင်ခန်းအများအပြား ပျက်စီးသွားကာ အရပ်သားနေအိမ်၊ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် မဂျီကျေးရွာ အထိုင်ချ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ အင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ထံက သိရပါတယ်။
Read More

ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ဖမ်းဆီးမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေကို စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံက အခုလိုပဲ ရှင်းလင်းတင်ပြခဲ့ပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း ဒုရဲအုပ်ရဲလွင် အပါအဝင် စစ်ကော်မရှင်တပ်သား ၁၉ ဦးသေဆုံးခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်းတလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင်ဦးစီးတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၉ ဦးသေဆုံးခဲ့တယ်လို့ Myanmar Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။