အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 

အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)ကို ရေးဆွဲထားပြီးဖြစ်တာကြောင့်   မိတ်ဖက်အင်အားစုတွေကို ချပြပြီး လိုအပ်သလို ဖြည့်စွက်ပြင်ဆင်မှုတွေ၊ သဘောထားတွေကိုရယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ NLD ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့် ကြေညာချက်မှာ အခုလို ထည့်သွင်းဖော်ပြထားတာပါ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း NLD က ဆိုပါတယ်။

အသွင်ကူးပြောင်းရေးကာလ အခြေခံ ဥပဒေ (တတိယမူကြမ်း)ကို စစ်အာဏာရှင်ကိုဖြုတ်ချပြီး ဖက်ဒရယ်စနစ်ကိုသွားဖို့ အခြေအနေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း) မှာ ပါဝင်လာတဲ့ အချက်တွေကိုတော့ အသေးစိတ်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရရှိဘူးလို့လည်းဆိုပါတယ်။

ဒါ့ကြောင့် ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီး နိုင်ငံကို ပုံမှန်လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့လည်း လိုအပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့ အစည်းများနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်ကိုလည်း ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထားပေမယ့် NLD ဟာ ပြည်သူတွေနဲ့အတူ ဒီမိုကရေစီရရှိရေး၊ တရားမျှတမှုနဲ့ လွတ်လပ်ခြင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တစ်ပတ်ကြာ လိုက်လံတိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်သားအလောင်း ၈ လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) - Pakokku Special Task Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။