စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ တစ်လအတွင်း ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချခဲ့တာဖြစ်ပြီး ဩဂုတ်လကိုပါ ထည့်တွက်ရင် ၂လအတွင်း ဗုံးသီဂ အလုံး ၂၀၀ ကျော် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“စက်တင်ဘာလ ၁၂ရက်နေ့ကနေ စက်တင်ဘာလ ၂၅ရက်နေ့အထိ ဒရုန်းဗုံးသီးအလုံးရေ ၁၀၀ ကျော်နဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို တိုက်ခိုက်နိုင်ခဲ့တာပါ။ အင်မထီး အကြမ်းဖက်တပ်စခန်းကို စက်တင်ဘာလ ၁၂ရက်နေ့က ၁၄လုံး၊ စက်တင်ဘာလ ၁၃ရက်နေ့မှာ ပုလဲမြို့နယ်က ကံဒေါင့်ရဲစခန်းကို ၁၄လုံး၊ စက်တင်ဘာ၁၄ရက်နေ့ အင်မထီး ပျုစခန်းကို ၁၀လုံး၊ ၁၅ရက်နေ့မှာ ကံဒေါင့်စခန်းကို ၁၁လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်” လို့ Eagle Wings Drone Force တပ်ဖွဲ့တာဝန်ရှိသူ ကိုဇေယျာမင်းက မောင်းကိုပြောပါတယ်။

စင်တင်ဘာလ၁၅ရက်၊ ၁၆ရက်၊ ၂၁ရက် နဲ့ ၂၅ရက်နေ့တွေမှာလည်း အဲဒီအကြမ်းဖက်တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးအလုံးရေ ၄၄လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်လအတွင်း စုစုပေါင်း ဗုံးသီးအလုံးရေ ၁၀၀ ကျော် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၊ Salingyi Special Task Force (SSTF)၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle Wings Drone Force နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးရဲဘော်များ

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီ တပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force - Hakha (CDF-Hakha) က ထုတ်ပြန်ထားပါတယ်။