ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ယောက်သွားကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေထိုင်တဲ့ ကိုရင်လေး (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ကညင်ကြိုး ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က ၁၂၂ မမ ဟောင်ဝစ်ဇာ (၁) လုံး ထပ်မံပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာနဲ့ ရွှဲတလဲ ကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

မူးမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၂၅) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၅၉၉ တပ်ရင်းက ၈၁ မမ လက်နက်ကြီး (၇) လုံး ပစ်ခတ်ခဲ့ရာ စဝင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စဝင်းကျေးရွာနေ (၆၃) နှစ်အရွယ် အမျိုးသားနဲ့ (၁၈) နှစ်အရွယ် ယောကျ်ားလေးတို့ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကောက်မယ်သူ ကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာရရှိမှုများ

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တပ်ပြောင်းတပ်လွှဲလုပ်ပြီး ပြန်လာသည့် စစ်ကားများ သရက်-မင်းတုန်းလမ်းပိုင်းတွင် ခြုံခိုတိုက်ခိုက်ခံရ၊ စစ်သား ၂ ဦးသေပြီး ဗိုလ်နှင့် ဒုတပ်ကြပ်အပါ ၇ ဦးဒဏ်ရာရ…

"မနက် အ‌စောပိုင်းမှာ သူတို့ တပ်ချိန်းဖို့လာတော့ လွှတ်ပေးလိုက်တယ်။ အပြန်မှ စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ရှေ့ကလာတဲ့ စစ်စိမ်းရောင်ကားကို လွှတ်ပေးလိုက်ပြီးမှ နောက်ကကပ်လိုက်လာတဲ့ ဖောကားအနီကို အဓိကထား ချေမှုန်း ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ စခ တွေအားလုံး ကားပေါ်မှာ ရှိနေတယ်။ အစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားနဲ့ ကား မှောက်လုနီးပါးထိ ဖြစ်သွားတယ်။ အဲ့လို နောက်ကားကို ပစ်နေတော့ ရှေ့ကားကလည်း ရပ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်​တွေနဲ့ ပြန်ပြီး ပစ်ကူပေးပါတယ်။ ကျနော်တို့ အဓိကထားပစ်တဲ့ ဖောကားအနီက ကားထဲမှာ သဲအိတ်တွေ စီပြီး အကာကွယ်လုပ်ထားတော့ အထိခိုက်နည်းတယ်။ တိုက်ပွဲက ၅ မိနစ်ပဲကြာပေမယ့် ပြင်းထန်ခဲ့ပါတယ်။ " လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ပေါက်နယ်အရှေ့ခြမ်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေးတစ်ဦးအပါ ၅ ဦး သေဆုံးပြီး ၃၀ ဝန်းကျင်ခန့် ဒဏ်ရာရ

မကွေးတိုင်း ၊ ပေါက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတစ်ချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပေါက်မြို့ဒေသခံဆီက သိရပါတယ်။
Read More

ထားဝယ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး လွတ်မြောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် လွတ်မြောက်လာတယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။