ONE Friday Fights – 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

သန့်ဇင်ဟာ ONE လက်အောက်တွင် သုံးပွဲထိုးသတ်ရာ ယခင် နှစ်ပွဲ အနိုင်ရခဲ့ပြီး ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာခဲရုဟာ ဂျပန်နိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့ ဖိုက်တာစ်ဦးဖြစ်သလို မွေ့ထိုင်း ချန်ပီယံ စူပါလက်ခ်ကို အခက်တွေ့အောင် ထိုးနှက်နိုင်ခဲ့သူဖြစ်တာကြောင့် သန့်ဇင်ကိုမြန်မာပရိတ်သတ်အများစုက အခုပွဲစဉ်ကိုစောင့်ကြည့်အားပေးခဲ့ကြတာပါ။

ဒီကနေ့ပွဲစဉ်ရလဒ်ကြောင့် သန့်ဇင်ဟာ ONE Championship မှာ ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။
Read More

မြို့တော်ခန်းမရှေ့တွင် “Reject the Illegal election” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှာ 'Reject the Illegal election' စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးလိုက်တယ် လို့ Rangoon Scout Network ဆီက သိရပါတယ်။
Read More

ကျိုင်းတုံတွင် ဝဇီပိတ်ဘုန်းကြီး၏ လောကသရဖူစေတီဘုရားဌာပနာ ယတြာချေပွဲနှင့် သီလဓမ္မဆေးရုံဖွင့်ပွဲ အကြမ်းဖက်မင်းအောင်လှိုင် လင်မယား တက်ရောက်

ကျိုင်းတုံမြို့မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးရဲ့ လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာနဲ့ ဝါဒဖြန့်လော်ဘီတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်မှာ မြို့ပြတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက် စစ်ကောင်စီ ဖမ်းဆီးမှုတွေ ပိုများလာ

ရန်ကုန်မှာ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းမိကြောင်း အကြမ်းဖက်စစ်ကောင်စီက ဒီရက်ပိုင်း ထုတ်ပြန်ကြေညာမှုတွေ လုပ်ဆောင်လာနေသလို စစ်တပ်လော်ဘီချန်နယ်တွေမှာလည်း ဒီသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုတွေ လုပ်ဆောင်လာနေပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်က ရဲဘော် ဘိုကလေး အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ…

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်က ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ရဲဘော် ဘိုကလေးအတွက် မိခင်တပ်ဖွဲ့က ဝမ်းနည်းကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။